အချစ်မရှိဘူးလို့ နင်မထင်ပါနဲ့
တွေ့ခွင့်ရတိုင်း ဝေးမှာကြောက်လို့ စကားနာထိုးတာ
သံသယကြောင့်မဟုတ်ဘဲ…..
ဆုံးရှုံးခြင်းဒဏ် ငါမခံနိုင်လို့
ဗြောင်းဆန်နေတဲ့ စိုးရိမ်မှုတွေနဲ့ နင်မကြားချင်တဲ့စကားတွေ ငါပြောမိခဲ့တာပါ……။
ဘေးလူကို ကြည်ဖြူထားတာ
မချစ်လို့မှ မဟုတ်ဘဲ
သူနဲ့အတူ နင်ပျော်ရွှင်ရတိုင်း
နင့်ကြည်နှုးခြင်း ငါ့ကို ကူးစက်မိလို့ ……..အဲဒီ့ပီတိကို ငါလိုလားလို့ပါ……။
တခြားလူအတွက် နားလည်ပေးရတာ
ခံစားချက်မရှိလို့မှ မဟုတ်ဘဲ
မပြတ်သားနိုင်လို့ တွေဝေနေတဲ့ ငါ့ချစ်သူ နင်နဲ့ မဝေးချင်လို့
ရင်ခွင်က ငါ့မာနကို ငါချိုးနှိမ်ထားတာပါ……။
ကိုယ့်ချစ်သူကို တစ်ပါးသူနဲ့
ငါ……ဘယ်လို ရင်ဆိုင်နိုင်မလဲ…….
လက်ချင်းယှဉ်တွဲ……ငါ့ကြောင့်မကွဲအောင်
ဒဏ်ရာတွေနဲ့ ငါကျိတ်ပြုံးရင်း…….ငါ့ရင်ကိုပဲ ငိုစေခဲ့တာပါ……။
Comment #2
ကိုယ့်ချစ်သူကို တစ်ပါးသူနဲ့
ငါ……ဘယ်လို ရင်ဆိုင်နိုင်မလဲ…….
လက်ချင်းယှဉ်တွဲ……ငါ့ကြောင့်မကွဲအောင်
ဒဏ်ရာတွေနဲ့ ငါကျိတ်ပြုံးရင်း…….ငါ့ရင်ကိုပဲ ငိုစေခဲ့တာပါ……။
…………….
ငိုချင်သွားတယ်
By: အသဲကွဲမိုး at Jan 20, 2011
Comment #4
တကယ်ပဲခံစားရပါတယ် မကေရေ…..
By: ကြယ်စင်နတ်သမီး at Mar 18, 2012
Comment #5
oh,,,,,,
so sorry to read.
By: ei lay at Mar 18, 2012
Comment #6
e lo loak pay like loh thu sate chan tar me htin loh lar?
e lo loak pay like loh thu doke kha yout twar de so yin be lo loak ma le?
e lo loak pay like loh ya de result ka tan ye lar?
By: ei lay at Jun 7, 2012
Comment #7
ဘေးလူကို ကြည်ဖြူထားတာ
မချစ်လို့မှ မဟုတ်ဘဲ
သူနဲ့အတူ နင်ပျော်ရွှင်ရတိုင်း
နင့်ကြည်နှုးခြင်း ငါ့ကို ကူးစက်မိလို့ ……..အဲဒီ့ပီတိကို ငါလိုလားလို့ပါ……။
By: မေပျို at Dec 16, 2012




Comment #1
nice poem
with great words
i like it!
🙂