Professional Authors

ထိုက်တန်တဲ့ တုံ့ပြန်မှု !

မိန်းကလေးမှာလည်း ထိုက်တန်တဲ့ မာန
ယောက်ျားလေးမှာလည်း မြင့်မြတ်တဲ့ မာန
ငါတို့ ဆော့မကစားကြေးလေ။

နင်…..
စော်ကားလိုက်တဲ့ ငါ့..မာနအတွက်
ထိုက်တန်တဲ့ တုံ့ပြန်မှု ၁ ခု
အရင်းခံသွားတယ်ဆို
နင်……
ကလဲ့စားချေခြင်းလို့ သတ်မှတ်မှာလား?

မာနကို အခြေပြုတဲ့
တုံ့ပြန်မှုမှာ ရန်ငြိုးမရှိဘူး
မာနကို စော်ကားမိတဲ့ ရလဒ်အတွက်
ထိုက်တန်တဲ့ တုံ့ပြန်မှုပဲရှိတယ် ချစ်သူ။

မှတ်သားဖူးတဲ့ စကားစု ၁ ခု
\”လုပ်ရဲတာမှ သတ္တိရှိတာမဟုတ်ဘူး…ခံရဲတာမှ သတ္တိတဲ့\”
ကဲ……….
မာနကို စော်ကားမိတဲ့… နင်
ထိုက်တန်တဲ့ တုံ့ပြန်မှုမှာ ခံရဲတဲ့သတ္တိရှိမှာလား?
(၃-၁၁-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Nov 3, 2010
Comment #1

မိန်းကလေးမှာလည်း ထိုက်တန်တဲ့ မာန
ယောက်ျားလေးမှာလည်း မြင့်မြတ်တဲ့ မာန
ငါတို့ ဆော့မကစားကြေးလေ။….မာနအကြောင်းလေးရေးထားတာမိုက်တယ်နော်….

commentinfo By: ကြယ်စင်နတ်သမီး at Jul 7, 2011
Comment #2

ဘယ်လိုတုံ့ပြန်လဲဆိုတာ သိချင်တယ်ဗျာ…
ခံစားချက်ချင်းတိုက်ဆိုင်လို့ပါ…

commentinfo By: phonegyi at Jul 7, 2011
Comment #3

ကျေးဇူးပါ ကြယ်စင်နတ်သမီး 🙂

ဒါ ကဗျာေ၇းထားတာပါ၇ှင့် phonegyi 🙂 🙂 🙂

commentinfo By: pannei at Jul 8, 2011
Comment #4

အားပေးသွားပါတယ်ခင်ဗျာ …။

commentinfo By: chityellusoelay at Aug 16, 2011
Comment #5

he,,he,,
i like both poem & comments

commentinfo By: ei lay at Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment