Professional Authors
ခေါင်းစဉ်မေးရင်မရှိဘူးလို့ ပဲဖြေပါ……(terry)
ငါ၏ခြောက်ကပ်ခြင်းသန်းခေါင်များ
မနေ့ ကပဲ  တပ်ဆုပ်သွားတယ်…။
နိုးထခြင်းလို့ပဲပြောပါ။
မျက်လုံးဖွင့်လို့ 
မိုးလင်းတာမဟုတ်ပေမယ့်
မျက်လုံးဖွင့်ဖို့ 
မိုးလင်းတာလို့ပဲ..သတ်မှတ်တယ်…။
မိန်းကလေးရယ်…
ငါ့ရင်ကနေရာထိုင်ခင်းကျဉ်းပါတယ်..
ဝင်လာဖို့ မဖိတ်ခေါ်ရက်တာ
နင်စိတ်ပျက်သွားမှာစိုးတာလဲ..ပါတယ်..။
အကောင်းမြင်တတ်ဘူးတဲ့
ငါကြည့်ရတဲ့အမြင်
ဖန်ခွက်ထဲမှာ
ရေတစ်ဝက်ပဲရှိတယ်..။
ရင်ခုန်သံကိုဗလာကျင်း
ဟင်းလင်းဖွင့်ထားပေမယ့်
ဓါးမရှိတဲ့တံခါး
နင်ထွက်သွားမှာလည်းကြောက်တယ်..။
အတိတ်တွေကိုခွာချ
မှောင်ရိပ်တွေကြားက
ရုန်းထွက်လာချင်ပေမယ့်
ကမ်းလင့်မယ့်လက်များ
မလျှောက်ရသေးတဲ့တံတား
ကြိုပြီးကျိုးမှာ
တွေးကြောက်တယ်ပဲပြောပြော
နီးစပ်ဖို့ ထက်
ဝေးသွားခဲ့ရင်ဆိုတဲ့ရက်
ငါ့ရင်ထဲမှာပိုနက်နေတယ်…။
ငါ့ရင်ခွင်ကိုအုပ်စိုးထားတယ်….
ငါ့ရဲ့နတ်သမီးမဟုတ်ပေမယ်….
ငါ၏တွေးတောမှု့ များ
အကုန်အပိုင်စားထားတယ်…။
မထင်မှတ်ပဲ
သိလာတဲ့အကြောင်းအရာ
ဖြူစင်ခြင်းတရားမှာ..
လင်းအားများတယ်……။
မျှော်လင့်ခြင်းများစွာနဲ့ 
ပုံပြင်တွေနားမှာပဲရပ်ရင်း
ဆုတောင်းမယ်….
ငါ့ရင်ခွင်မှာပဲ
လာသည်းလှည့်ပါ…..မိုးစက်တွေ..ရယ်……။
                                                                  terry(14.3.2011)8;00pm
In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1
ဂွတ်……..
သိပ်ကောင်းနေပါလား
commentinfo By: kathitni1980 at Mar 15, 2011
Comment #2
ဖတ်ရတာ ကောင်းပါတယ်ညီ။ အနုအရွလေးပေါ့။ ဒီနေရာလေးတွေ သဘောကျတယ်။
မိန်းကလေးရယ်…
ငါ့ရင်ကနေရာထိုင်ခင်းကျဉ်းပါတယ်..
ဝင်လာဖို့ မဖိတ်ခေါ်ရက်တာ
နင်စိတ်ပျက်သွားမှာစိုးတာလဲ..ပါတယ်..။
အတိတ်တွေကိုခွာချ
မှောင်ရိပ်တွေကြားက
ရုန်းထွက်လာချင်ပေမယ့်
ကမ်းလင့်မယ့်လက်များ
နင့်ဘက်မှာအဆင်သင့်မှရှိရဲ့ လား..။
commentinfo By: သက်ထွေး at Mar 15, 2011
Comment #3
အရမ်းကောင်းတဲ့ ကဗျာလေးပါ….
commentinfo By: Yu Mon Htwe at Mar 15, 2011
Comment #4
မလျှောက်ရသေးတဲ့တံတား
ကြိုပြီးကျိုးမှာ
တွေးကြောက်တယ်ပဲပြောပြော
နီးစပ်ဖို့ ထက်
ဝေးသွားခဲ့ရင်ဆိုတဲ့ရက်
ငါ့ရင်ထဲမှာပိုနက်နေတယ်…။
မျှော်လင့်ခြင်းများစွာနဲ့ 
ပုံပြင်တွေနားမှာပဲရပ်ရင်း
ဆုတောင်းမယ်….
ငါ့ရင်ခွင်မှာပဲ
လာသည်းလှည့်ပါ…..မိုးစက်တွေ..ရယ်……။
…………..
တပုဒ်လုံးကို သိပ်ကြိုက်သွားတယ်……..
commentinfo By: အသဲကွဲမိုး at Mar 16, 2011
Comment #5
မျှော်လင့်ခြင်းများစွာနဲ့ 
ပုံပြင်တွေနားမှာပဲရပ်ရင်း
ဆုတောင်းမယ်….
ငါ့ရင်ခွင်မှာပဲ
လာသည်းလှည့်ပါ…..မိုးစက်တွေ..ရယ်……။
အားပေးနေပါတယ်…
commentinfo By: genius.jinx28 at Mar 16, 2011
Comment #6
မထင်မှတ်ပဲ
သိလာတဲ့အကြောင်းအရာ
ဖြူစင်ခြင်းတရားမှာ..
လင်းအားများတယ်……။
commentinfo By: ခင်ဘုန်းနေ at Mar 16, 2011
Comment #7
အတိတ်တွေကိုခွာချ
မှောင်ရိပ်တွေကြားက
ရုန်းထွက်လာချင်ပေမယ့်
ကမ်းလင့်မယ့်လက်များ
နင့်ဘက်မှာအဆင်သင့်မှရှိရဲ့ လား..။
ငါရဲ့ အရှင်သခင်မဟုတ်ပေမယ့်
ငါ့ရင်ခွင်ကိုအုပ်စိုးထားတယ်….
ငါ့ရဲ့နတ်သမီးမဟုတ်ပေမယ်….
ငါ၏တွေးတောမှု့ များ
အကုန်အပိုင်စားထားတယ်…။
မျှော်လင့်ခြင်းများစွာနဲ့ 
ပုံပြင်တွေနားမှာပဲရပ်ရင်း
ဆုတောင်းမယ်….
ငါ့ရင်ခွင်မှာပဲ
လာသည်းလှည့်ပါ…..မိုးစက်တွေ..ရယ်……။
ကြိုက်တယ်ဗျာ………..
commentinfo By: kyawtint at Mar 16, 2011
Comment #8
မျှော်လင့်ခြင်းများစွာနဲ့ 
ပုံပြင်တွေနားမှာပဲရပ်ရင်း
ဆုတောင်းမယ်….
ငါ့ရင်ခွင်မှာပဲ
လာသည်းလှည့်ပါ…..မိုးစက်တွေ..ရယ်……။
မိုက်တယ်ဗျာ….စာသားတွေက အားပေးသွားပါတယ်…။
commentinfo By: ကေသရီ at Oct 11, 2011
Comment #9
arr pay khan sar twar par d
commentinfo By: ei lay at Feb 25, 2012
Comment #10
when i read again,i like so much.
commentinfo By: ei lay at Jun 7, 2012
Comment #11
A yann ko khike de
commentinfo By: ei lay at Oct 28, 2012
Comment #12
သူနဲ့ဖြစ်ချင်လွန်းလို့ ကြိုးကြိုးစားစားရှင်သန်ပြီးမှ …သေလို့မရ နေလို့မရ…
commentinfo By: sofarawayfromyou at Jan 10, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment