Professional Authors

ဒီလိုမျိုး…အခုလိုမျိုးပေါ့(genius)

ဒီလိုမျိုးပေါ့…
အခုလိုမျိုးပေါ့…
ငါ့ရင်…တံခါးကို
ဆွဲဖွင့်လိုက်နိုင်သူ
ငါ့နှလုံး…အိမ်ကို
လှုပ်ကိုင်လိုက်နိုင်သူ
သူဖြစ်လိမ့်မယ် မထင်ခဲ့ပါဘူး။

ပေတေတေ
လမ်းကြောင်းတွေလျှောက်
အတိတ်တွေကောက်နဲ့
စာမျက်နှာဟောင်း
အခါခါမက်နေတဲ့
ငါ…လိုလူ ရင်ထဲကို
သူ..ရောက်လာလိမ့်မယ်
သူ………ရှိလာလိမ့်မယ်
မသိခဲ့ပါဘူး….။
ဒီလိုမျိုးပေါ့…
အခုလိုမျိုးပေါ့….

In: ကဗျာ Posted By: Date: Oct 24, 2012
Comment #1

😛
🙂
😉

commentinfo By: ei lay at Oct 24, 2012
Comment #2

arr pay thwar teh naw.

commentinfo By: May Kha at Oct 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment