တမ်းတခြင်း “မြူ”
ကျနော်က သူမ ကို ချစ်တယ်
ရယ်သံလေးတွေကအစ
စိတ်ပုပ်တာလေးတွေကအဆုံး
ကျနော် သူမ ကို ချစ်ပါတယ်။
ကျနော်က သူမ ကို ချစ်တယ်
ဟန်ဆောင်နေတာလေးတွေကအစ
လိမ်ညာနေတာလေးတွေက အဆုံး
ကျနော် သူမ ကို ချစ်ပါတယ်။
ကျနော်က သူမ ကိုချစ်တယ်
အထာကျတဲ့ ဆရာမက
ခါချမှာ စိုးရိပ်နေရတဲ့ ချစ်ခြင်းမျိုးဖြင့်
ုကျနော်က သူမ ကိုချစ်ပါတယ်။
ကျနော်က သူမ ကိုချစ်တယ်
ပြန်လည်ဖြေကြားခြင်းမရှိတဲ့
ဖုန်းလေးတစ်လုံးလို
ကျနော်က သူမ ကိုချစ်ပါတယ်။
ကျနော်က သူမ ကိုချစ်တယ်
ဧရိယာပြင်ပသို့ရောက်ရှိနေတဲ့
ခေါ်ဆိုမှုကဲ့သို့သော် ချစ်ခြင်းမျိုးဖြင့်
ကျနော်က သူမကိုချစ်ပါတယ်။
ကျနော်က သူမ ကိုချစ်တယ်
မပြောရက်မဆိုရက်ခဲ့တဲ့
နာကျင်မှုတွေ မျိုသိပ်လိုက်သလိုမျိုး
ကျနော်က သူမ ကိုချစ်ပါတယ်။
ကျနော်က သူမ ကိုချစ်တယ်
ခဏခဏ ဒဏ်ရာရနေတဲ့
သိုးငယ်တစ်ကောင်လို ချစ်ခြင်းမျိုး
ကျနော်က သူမ ကိုချစ်ပါတယ်။
ကျနော်က သူမ ကိုချစ်တယ်
ခပ်နက်နက်စွဲလန်းခဲ့ဖူးတဲ့
ကော်ဖီခါးခါးတစ်ခွက်လိုမျိုး
ကျနော်က သူမ ကိုချစ်တယ်။
ကျနော်က သူမကိုချစ်တယ်
မီးညှိပြီးကာစ စီးကရက်တိုကို
တောက်ထုတ်လိုက်ရသလိုမျိုး
ကျနော်က သူမ ကိုချစ်တယ်။
ကျနော်က သူမကိုချစ်တယ်
နိဒါန်းနဲ့ နိဂုံးဆိုတာကို
မခွဲခြားတတ်သေးတဲ့ ကလေးငယ်လိုမျိုး
ကျနော်က သူမ ကိုချစ်တယ်။
ကျနော်က သူမ ကိုချစ်တယ်
……………………………
………… ………….
………………………………
………………..ချစ်တယ် ။
p.s // စိတ်ကူးတည့်ရာရေးထားပါသည်။ သည်းခံပြီးဖတ်လော့ 🙂
မာန်ခက်ဝင့်
26.02.2013
Comment #2
ဟုတ်ကဲ့ပါ ခံစားအားပေးသွားပါတယ်
နှစ်သက်မိပါတယ်
ဒေါ်မိုးပါ
By: အသဲကွဲ မိုး at Feb 26, 2013
Comment #4
ကျနော်က သူမ ကိုချစ်တယ်
By: မတ်တရာ at Feb 27, 2013
Comment #6
Arrr payy twe tae a ko a ma myr kyae zue pr….ko bone lay kyanaw ka Daw Moe favorite pr byat 😀
By: mankhat wint at Feb 27, 2013
Comment #7
both title & poem r so sweet
By: ei lay at Feb 27, 2013
Comment #8
မအိလေး ကျေးဇူးပါဗျာ နှစ်ကြိမ်မြောက်ဝင်ဖတ်ပေးလို့ …… bone lay htet lwint ခင်ဗျ
ကျနော်က အသဲကွဲမိုးရဲ့ ပရိတ်သတ်တစ်ယောက်ပါဘဲခင်ဗျာ အာ့ကြောင့်များလား မသိ… 🙂
ဘာဘဲဖြစ်ဖြစ်ကျေးဇူးပါ ဆရာမအသဲကွဲမိုး နဲ့တူနေတယ်ဆိုတော့ ဝမ်းသာရပါတယ်ဗျာ
By: မာန်ခက်ဝင့် at Feb 27, 2013
Comment #9
nope
that is my 5 time reading of 2 comments.
😛
By: ei lay at Feb 27, 2013
Comment #10
ထင်ထားတာထက်တောင် ပိုနေတယ်ဗျာ။ 😀 😀 😛
By: မာန်ခက်ဝင့် at Feb 27, 2013
Comment #11
really awestruck.
By: ei lay at Feb 27, 2013
Comment #13
ကျေးဇူးပါဗျာ
By: မာန်ခက်ဝင့် at Mar 1, 2013
Comment #15
Say, you got a nice blog article.Much thanks again. Keep writing.
By: air jordan 13 unc pe at May 7, 2013
Comment #16
thank u pr 🙂
By: မာန်ခက်ဝင့် at May 7, 2013




Comment #1
sate kuu de yar yaee phwe htar de hu so taw poem laee ko ta laee ta sarr arr ya parr ya hnit chike kyi hmway swar khan sarr arr pay par de shint.