Professional Authors

ဝဋ်လည်ခြင်း…………

နင်က လွဲမှားစွာနဲ့ ခေါင်းခါတယ်
ငါက ကျေနပ်စွာပြုံးရင်း မျက်နှာလွှဲတယ်
ငါကျွံဝင်ဖူးခဲ့တဲ့
နင့် မျက်ဝန်းနက်နက်တွေထဲတော့
ထပ်မံ မယစ်မူးမိဖို့…..
ငါ့မာနတွေက အကြိမ်ကြိမ်သတိတွေပေးလို့………..။
………………
အမှန်အမှား ဘယ်သူဘယ်ဝါ ငါမသိ…
ကိုးကွယ်လို့မကောင်းခဲ့တဲ့နင့်အချစ်ကို
အချိန်တွေရင်း…..မျက်ရည်တွေဆုံး
ဝမ်းနည်းမှုတွေနဲ့ လုံးပါးပါးရင်း…..နင်မသိအောင် ငါ ရင်ကွဲနာတွေ ကျခဲ့ဖူးတာပေါ့ကွယ်…….။

ကာလအပိုင်းအခြားနဲ့
သံယောဇဉ်ကို အဆုံးအဖြတ်ပေးတတ်တဲ့ နင့်အတွက်…..
ငါ့ ပူဆွေးခြင်းကို …..ခ၀ါချ……
နင့်ရာဇ၀င်ထဲ နင့်ကို ချန်ထားခဲ့သူအဖြစ်
ငါဆိုတဲ့ မိန်းမ ပထမဆုံးမော်ကွန်းတင်……
နင်အယုံအကြည်မရှိခဲတဲ့
ဝဋ်လည်ခြင်း ဆိုတာကို……နင် ကျကျနန မိတ်ဖွဲ့လိုက်ပေါ့ဟာ………….။       ။

In: ကဗျာ Posted By: Date: Jan 14, 2011
Comment #1

ကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ .. ကျွန်တော်နဲ တိုက်ဆိုင်နေလိုပါ
လူတွေဘာကြောင့် ၀ဋ်လည်ခြင်း ကို မေ့နေရတာလဲ မသိဘူနော်…
တင်းတိမ်ရောင့်ရဲမှုအချစ်အတွက် ကဗျာလေးတစ်ပုဒ်ပါရေးပေးစေချင်ပါတယ်

commentinfo By: ငှက် at Jan 14, 2011
Comment #2

မကေ ကောင်းတယ် အားပေးသွားတယ်

commentinfo By: genius.jinx28 at Jan 14, 2011
Comment #3

နင့်ရာဇ၀င်ထဲ နင့်ကို ချန်ထားခဲ့သူအဖြစ်
ငါဆိုတဲ့ မိန်းမ ပထမဆုံးမော်ကွန်းတင်……
နင်အယုံအကြည်မရှိခဲတဲ့
ဝဋ်လည်ခြင်း ဆိုတာကို……နင် ကျကျနန မိတ်ဖွဲ့လိုက်ပေါ့ဟာ………….။ ။
ဒီလိုလူမျိုးအတွက် ဒီလို ရက်စက်ခြင်းပဲ တန်တယ်…….။
အရမ်းကောင်းပါတယ် ကေသရီ……အားပေးနေပါတယ်။

commentinfo By: နှင်းစက် at Jan 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment