နင်မသိအောင်……။
ငါ့အနားက နင်ထွက်သွားတိုင်း
“ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း
နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ့တယ်….။
ငါ့ကို နင်ဘေးမှာထား…..ပြောကြားနေတဲ့ဖုန်းက
“ဘယ်သူနဲ့လဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်စကားတွေ ရိပ်မိနေရင်း
နင်မသိအောင် ငါ မျက်ရည်တွေဝဲနေခဲ့တယ်….။
ငါတို့ဝေးနေတဲ့အချိန်
“နင်ဘာတွေလုပ်လေ့ရှိလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်ပျော်ရွှင်ရာ ပျော်ရွှင်ကြောင်းတွေ နားလည်ပေးရင်း
နင် မသိအောင် ငါ မျှဝေခံစားနေခဲ့တယ်…။
နင့်ဆီမှာ ငါနဲ့ပတ်သက်သမျှ
“ဘယ်လိုအမှတ်တရတွေတည်ရှိနေလဲ ” လို့ငါမမေးခဲ့ပေမယ့်
နင့်ဆီကရခဲ့သမျှကို တလေးတစားဂရုစိုက်ရင်း
နင်မသိအောင် ငါ တန်ဖိုးထားနေတတ်တယ်….။
Comment #2
စကားလုံးတွေက ရေလည်ထိမိပြတ်သားတယ် ဒီကဗျာက တော်တော်လေးခံစားရတယ်ဗျာ ကြည့်ရတာမကေသရီတစ်ယောက်ဒီကဗျာလေးမှာ ခံစားချက်တွေပေါက်ကွဲထားတာထင်ပါရဲ့ဗျာ
ကဗျာ စ လယ် ဆုံး တစ်နေရာမှပြောစရာမရှိအောင် ကောင်းလွန်းတဲ့ကဗျာလေး
ခံစားအားပေးသွားတယ် မကေသရီရေ ။
By: X - ray at Feb 28, 2012
Comment #3
ကဗျာပုံစံလေးက..ရှင်းရှင်းလေးနဲ့ကိုယ်ပြောချင်တာတွေကို ထိမိအောင်ပြောသွားတယ်ဗျ..
ဘယ်သွားမှာလဲ၊ဘယ်သူနဲ့လဲ….၊….အဲဒါတွေက..ကဗျာလေးကိုပိုလေးနက်စေတယ်လို့ထင်တယ်..မကေ
ထပ်တူခံစားသွားပါတယ်………
By: poem.poem28 at Feb 28, 2012
Comment #4
ငါတို့ဝေးနေတဲ့အချိန်
“နင်ဘာတွေလုပ်လေ့ရှိလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်ပျော်ရွှင်ရာ ပျော်ရွှင်ကြောင်းတွေ နားလည်ပေးရင်း
နင် မသိအောင် ငါ မျှဝေခံစားနေခဲ့တယ်…။
By: May Kha at Feb 28, 2012
Comment #5
ei lay so yin mae sa yar ma lo aung loh koh bar tar auto pyaw htar de,,he,,he,,
any secret between us,,i always do mind contact & msg contact,,
thu bar loak nay le,,be thu ne le,,so tar dot ei lay ma ti bu,,thu ka ma pyaw pya bu,,
ei lay le ma mae ye loh ma mae bu,,
control loak lun de so p nyo nyin hmar soe loh,,
a mye tan sate pu p 1 yout de ta win to nay ya dar,,ha,,ha,,
By: ei lay at Feb 28, 2012
Comment #6
ကေ..ကျွန်တော်အားပေးသွားတယ်ဗျာ…..
By: အသဲကွဲမိုး at Feb 28, 2012
Comment #7
ငါ့ကို နင်ဘေးမှာထား…..ပြောကြားနေတဲ့ဖုန်းက
“ဘယ်သူနဲ့လဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်စကားတွေ ရိပ်မိနေရင်း
နင်မသိအောင် ငါ မျက်ရည်တွေဝဲနေခဲ့တယ်….။
ငါတို့ဝေးနေတဲ့အချိန်
“နင်ဘာတွေလုပ်လေ့ရှိလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်ပျော်ရွှင်ရာ ပျော်ရွှင်ကြောင်းတွေ နားလည်ပေးရင်း
နင် မသိအောင် ငါ မျှဝေခံစားနေခဲ့တယ်…။
By: zawthetoo at Feb 29, 2012
Comment #12
ငါ့ကို နင်ဘေးမှာထား…..ပြောကြားနေတဲ့ဖုန်းက
“ဘယ်သူနဲ့လဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်စကားတွေ ရိပ်မိနေရင်း
နင်မသိအောင် ငါ မျက်ရည်တွေဝဲနေခဲ့တယ်….။
တကယ်ခံစားရတယ်…အမရေ….
အမရဲ့ကဗျာတွေကိုအမြဲတမ်းအားပေးနေပါတယ်နော်
By: ကြယ်စင်နတ်သမီး at Mar 18, 2012




Comment #1
a yan chit phoe kaung de,,