ငါး (မင်းခိုက်စိုးစန်)
(၁)
ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။
(၂)
ကြယ်တွေကို ခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ…
ဒါပေမယ့်…
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့် မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
(၃)
တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖဝါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်…
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ???
(၄)
တစ်ဘဝစာ…
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
ကောင်မလေးရေ…
ငါ ဆိုတဲ့ ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ…
… လွမ်းတယ်။
မင်းခိုက်စိုးစန်
Comment #5
ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။……… 🙂
By: ရွှေငါး at Apr 22, 2011
Comment #6
တစ်ခုမေးချင်ပါတယ်။ ရင်ခုန် တယ်ဆိုတာ တစ်စုံတစ်ယောက်ကြားနိုင်ဖို့ရည်ရွယ်တာလား? ကြယ်တွေကိုခူးပြီးပန်ပေးချင်တာက သူ့ကိုပန်စေချင်လို့လား ကိုယ်က ခူးချင်နေလို့လား? တစ်ဘ၀စာ ခပ်ကြာကြာကြည့်နေရုံ လုံလောက်သွားရင် တစ်ဘ၀ဆိုတာလေးကိုကုန်စေချင်ပြီ။ တစ်သံသရာလုံးတော့လိုက်မပါလာပါနဲ့။
By:ူlaminsandar at Mar 1, 2012
Comment #7
ကဗျာတစ်ပုဒ်လုံးကိုခံစားမိပါတယ်
တိုက်ဆိုင်နေလောက်အောင်ကိုပဲကျွန်တော်ချစ်နေတဲ့ သူကို သွေးအေးအေးလေးနဲ့ ပဲထိုင်ကြည့်နေခဲ့ဖူးတယ်
By: loafer at Aug 24, 2012
Comment #8
😛
😛
😛
By: ei lay at Aug 24, 2012




Comment #1
သုည ထဲက ကဗျာ..း)