Professional Authors

တစ်ကိုယ်တော် (မင်းခိုက်စိုးစန်)

ဘဝကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်…။

ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ…?
မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။

ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ဝယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်…။

လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။

]ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ}
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။

လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ။

မင်းခိုက်စိုးစန်

Comment #1

အရမ်းကောင်းပါတယ် ဆရာ့ရဲ့ စာတွေအားလုံးကို ကြိုက်တယ်

commentinfo By: Lae Lae Win Hlaing at May 11, 2010
Comment #2

အရမ်းကောင်းပါတယ်

commentinfo By: စိုးကျော် at May 13, 2010
Comment #3

အရမ်းခိုက်တယ်

commentinfo By: laypyay at May 20, 2010
Comment #4

ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ဝယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်…။
လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #5

တကယ်ကောင်းပါတယ်…ခံစားရတာတစ်မျိုးကြီးပဲ..

commentinfo By: thelko at Feb 4, 2011
Comment #6

ညနေစာကို အမည်ပေးဖို့ အခက်ကြုံနေလား။ အဆုံးသတ်တစ်ခုရဲ့ ရှေ့က အဆုံးသတ်မ၇ှိတဲ့ ညစာပေါ့။

commentinfo By:ူlaminsandar at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment