Professional Authors

ဗလာနထ္တိ အသိမဲ့

ဘာမှမရှိတော့ဘူး ….
ဗလာမှာတောင် နထ္တိတွဲဖက်လို့
သုညသဘောဆောင်နေပြီလေ
ဘာကို ငါ ပြန်ရှာနေတာလဲ …
ငါ ကိုယ်တိုင်လည်း မသိတော့။ . ။

မျက်စိတစ်ဆုံး မျှော်ကြည့်မိတယ်
တစ်စုံတစ်ရာ တွေ့နိုင်မလားလို့
အရာရာက မှုန်ဝါးဝါး
ငါ မျက်လုံးတို့ မမြင်နိုင်တော့ပြီလား …
ငါ ကိုယ်တိုင်လည်း မသိတော့။ ။

ငါ့ ခြေလှမ်းတို့ ငါ ပြန်ကြည့်တယ်
ဘယ်လမ်းကို ဆက်လှမ်းမလဲ …
ဘယ်ခရီးကို ရည်မှန်းထားသလဲ …
ဆုံးဖြတ်ချက်တို့ ပြတ်သားပြီလား …
ငါ ကိုယ်တိုင်လည်း မသိတော့။ ။

ငါဆိုတာ ဘယ်သူလဲ သိဖို့
ငါ့ မှတ်ပုံတင် ဘယ်မှာလဲ …
ငါ မမှတ်မိတော့ဘူး
ငါဆိုတာ ဘယ်သူလဲ …
ငါကိုယ်တိုင်လည်း ပျောက်ဆုံးသွားပြီလား …
ငါ ကိုယ်တိုင်လည်း မသိတော့။ ။

In: ကဗျာ Posted By: Date: Jun 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment