သစ်ပင်..ငိုသံ
….
…..
……..
ဒီနေရာလေးမှာ…..
ဒီအချိန်ဆိုရင်တော့ လူရှင်းတတ်လေရဲ့
အဲဒါ ကျွန်မရဲ့ အခွင့်ကောင်း
မောင့်ကိုအလွမ်းခြွေသင့်ပြီလေ…
နွေလည်းပေါက်လာပြီဆိုတော့
ရွက်ဝါတွေလည်းခြွေချခွင့်ရပြီပေါ့……….
………
တစ်မိုးတွင်းလုံး…သီးခံ
ဆောင်းကုန်အောင်
အလွမ်းတွေပိုက်နေရတဲ့…သူပါ
…………….
……………………….
ဒီအချိန်လေးမှာ ဆိုရင်တော့…….
ကျွန်မအလွမ်းတွေခြွေချခွင့်ရလောက်ပါရဲ့
…………….
……………………………..
ဘယ်သူမှမရှိရင်တောင်
မြေကြီး…ကတော့ သက်သေတည်ပေးမှာပါနော်
………….
မောင်ရေ…..
လှမ်းတဲ့ခြေလှမ်းတွေလည်း
အရမ်းမြန်မြန်ကြီးတော့..
မလျှောက်လိုက်ပါနဲ့………
ကျွန်မ မြင်ကွင်းတွေထဲ….မောင့်ပုံရိပ်လေး
ေ၀၀ါးနေခဲ့ပြီ………………..
…..
ထာဝရအနားနေပေးမဲ့
မောင့်ကတိတွေကြောင့်လည်း
ကျွန်မ….သစ်ပင်ဘ၀ပြောင်းခဲ့တာလေ
………………
ခုတော့………
……….မောင့်ရဲ့နောက်
ဘယ်လိုခြေလှမ်းနဲ့…ကျွန်မပြေးလိုက်ရမှာပါလိမ့်
……………..
………………………
အရိပ်မှာမနေချင်လည်း….
အခက်တွေတော့ချိုးမသွားပါနဲ့
အဲဒါကျွန်မ…အင်အားတွေလေ….
………………..
……………
…………….. …..
မျက်ရည်တွေ..ရွက်ဝါတွေအသွင်…နဲ့
…
မနက်ဖြန်အတွက်ဝေစရာမရှိလောက်အောင်
ကျွန်မ..ခြွေချလိုက်ပါတယ်……..
……………
မောင့်ကိုကျွန်မ……
သေလောက်အောင်လွမ်းတဲ့အကြောင်း
နွေ..ရဲ့ ရွက်ခြောက်ပင်အဖြစ်….
စတေးခံ သက်သေထူခဲ့တယ်…….
……………………..
ဒီနေရာလေး…
လူရှင်းနေချိန်ပေါ့။
Comment #3
ကျွန်တော်သေ၇င် ဘာလို့လုပ်မလဲ အမ
By: genius.jinx28 at Jan 7, 2011
Comment #5
လွမ်းလို့သေတော့မယ်ဆိုတာ..ကိုယ့်ကိုယ်ကိုယ်ပြောတာပါ……မောင်ရဲလေး…ရေ
ညို….ကျေးဇူးပါနော်…..အားပေးလို့
By: အသဲကွဲမိုး at Jan 7, 2011
Comment #6
အင်း…..သစ်ပင်
မငိုနဲ့ တိတ်………..
ဒီအရိပ်အောက်မှာပဲ ထာဝရမှေးမှိတ်
သူပြန်လာအိပ်စက်လိမ့်မယ်…..
သစ်ပင်…..
မငိုနဲ့ …………
……………………..တိတ်…..။
By: moehtetaung18 at Jan 7, 2011
Comment #8
အ၇မ်းဖတ်လို့ကောင်းတယ် အမ
လွမ်းစရာကြီး……..
By: ခိုင်လေး at Jan 8, 2011
Comment #9
အင်းးးးးးးးးး ၇ွက်ဟောင်းကြွေ၇င် ၇ွက်သစ်ဝေတယ်တဲ့ အသဲကွဲမိုးေ၇
ကြားဖူးတာတော့ နွေေ၇ာက်၇င် လူတိုင်းလဲပျော်ကြပါတယ် သင်္ကြန်ေ၇ာက်မှာကိုးးး
နှစ်သစ်မှာ အ၇ာအားလုံးက သစ်နေပါတယ်
အသစ်အတိုင်းလဲဖြစ်နေကြတာပါပဲ။ဒီတော့ အစ်မေ၇ ဘယ်လိုပဲဖြစ်ဖြစ် အစ်မဆီကို နားမယ့်လူလဲ အသစ်လာမှာပါ…ညီမကြားဖူးတဲ့စကား၇ှိတယ်
” ၀င်သွားတဲ့နေကိုကြည့်ပြီး လွမ်းလို့ငိုနေမယ်ဆို၇င်
မျက်၇ည်တွေ ဖုံးနေတဲ့ မျက်လုံးတွေက
ထွက်လာတဲ့ လကို
မြင်နိုင်မှာမဟုတ်ဘူး” တဲ့ အစ်မလဲ မျက်၇ည်တွေသုတ်ပြီး
စောင့်ကြည့်စေချင်တယ်
By: မိုးသည်း at Jan 8, 2011
Comment #10
…………….
……………………….
ဒီအချိန်လေးမှာ ဆိုရင်တော့…….
ကျွန်မအလွမ်းတွေခြွေချခွင့်ရလောက်ပါရဲ့
…………….
မောင်ရေ…..
လှမ်းတဲ့ခြေလှမ်းတွေလည်း
အရမ်းမြန်မြန်ကြီးတော့..
မလျှောက်လိုက်ပါနဲ့………
ကျွန်မ မြင်ကွင်းတွေထဲ….မောင့်ပုံရိပ်လေး
ေ၀၀ါးနေခဲ့ပြီ………………..
…..
ထာဝရအနားနေပေးမဲ့
မောင့်ကတိတွေကြောင့်လည်း
ကျွန်မ….သစ်ပင်ဘ၀ပြောင်းခဲ့တာလေ
………………
ခုတော့………
……….မောင့်ရဲ့နောက်
ဘယ်လိုခြေလှမ်းနဲ့…ကျွန်မပြေးလိုက်ရမှာပါလိမ့်
……………..
အရမ်းကြိုက်တယ် အစ်မအသဲကွဲမိုး
အရမ်းကောင်းတယ်ဗျာ….တကယ်ကိုကြိုက်တယ်….
အဲ…အရမ်းတော့မလွမ်းပါနဲ့မရယ်….
အရမ်းခံစားရမှာ…ငါ့အစ်မ အလွမ်းကမ္ဘာထဲက မြန်မြန်လွတ်ပါစေဗျာ……
🙂
By: သားသား at Jan 8, 2011
Comment #11
အားပေးတဲ့သူတွေအားလုံး..စာနာနားလည်ပေး…ဆုတောင်းပေးတဲ့ မောင်နှမ များအားလုံး
အထူးကျေးဇူးတင်ပါတယ်………အရမ်းကျေးဇူးပါ
By: အသဲကွဲမိုး at Jan 10, 2011
Comment #14
ကျေးဇူးပါ …နော်
By: အသဲကွဲမိုး at Jan 29, 2011
Comment #19
မိုးကို..အမြဲ..အားပေးတဲ့ ဇော်သက်ဦး ၊ အများကြီးကျေးဇူးတင်ပါတယ်
ဆည်းဆာ(ရဲသူ) ကိုလည်ဒ ကျေးဇူးအများကြိးတင်ပါတယ်…
By: အသဲကွဲမိုး at Jul 13, 2011
Comment #21
အသဲကွဲမိုး ကဗျာတွေ အဖတ်နောက်ကျလို့ စိတ်မကောင်းဘူး ဒါပေမယ့် ကဗျာတွေက မိုက်လွန်းလို့ စိတ်မကောင်းတာတွေတောင် ပျောက်သွားတယ် ။ အားပေးသွားတယ်ဗျာ ။
By: X - ray at Aug 6, 2011
Comment #24
ကျေးဇူးအများကြီးတင်ပါတယ်…..တကယ်ပါ။ဗျာ…ကျွန်တော့်အားဆေးတွေပါ……
ကွန်းမန့်အတွက်ကျေးဇူးတင်ပါတယ်
By: အသဲကွဲမိုး at Sep 7, 2011
Comment #25
တော်တော်ကောင်းတာဘဲ မိုးရ..ရေးလက်အားကတော့ တကယ်ဘဲ လေးစားပါတယ်.
By: ဖိုးနမ်း at Mar 18, 2012




Comment #1
အသဲကွဲမိုး…. ကျွန်တော်တောင် လွမ်းသွားပြီး