Professional Authors

မနက်ဖြန် သစ်ပင် (မင်းခိုက်စိုးစန်)

အမြစ်တွေ ရှည်လျားလွန်းလိုက်တာ…
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။

မျှော်လင့်ချက်တွေကလည်း
သစ်ရွက်တွေလိုပဲ…
တဖွဲဖွဲကြွေ။
ဒီက…
လေပြေလေညင်းတိုက်မှာကိုတောင်
ကြောက်နေရတဲ့ ကောင်ပေါ့။

နေ့ခင်းကြောင်တောင်မှာမှ
အလွမ်းတွေက တောမှောက်ရက်လေတယ်။
တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ တောအုပ်ထဲမှာ
ငါ ဘာလို့ ဆက်ရှင်သန်မှာလဲ?
လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ်။

ထားလိုက်ပါတော့လေ…
မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်…။

နာကျင်ခြင်းဆိုတဲ့ အမြစ်တွေနဲ့
မြေကြီးနက်နက်ထဲ တွယ်ကုပ်
ဟောဒီမှာ
မျက်ရည်တွေနဲ့ ငုတ်တုတ်ခြောက်ခဲ့ရတဲ့ သစ်ပင်ဟာ
ငါပါပဲ…။

သေချာသထက် သေချာချင်လို့
တက်ခဲ့ရတဲ့ လှေခါးထစ်တွေသာ များလာတယ်
ကမ်းဝေးသွားတဲ့ လရောင်ကတော့
ရွက်လွှင့်ထွက်သွားလိုက်တာ…
ပြန်ကို မလာတော့ဘူး။

မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ ဖြစ်တော့မယ်။
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။

မင်းခိုက်စိုးစန်

Comment #1

သေချာသထက် သေချာချင်လို့
တက်ခဲ့ရတဲ့ လှေခါးထစ်တွေသာ များလာတယ်
ကမ်းဝေးသွားတဲ့ လရောင်ကတော့
ရွက်လွှင့်ထွက်သွားလိုက်တာ…
ပြန်ကို မလာတော့ဘူး။

commentinfo By: အသဲကွဲမိုး at Jan 31, 2011
Comment #2

နေ့ခင်းကြောင်တောင်မှာမှ
အလွမ်းတွေက တောမှောက်ရက်လေတယ်
တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီတောအုပ်ထဲမှာ
ငါ ဘာလို့ အသက်ရှင်ျမှာလဲ?
လူတွေရဲ့ မျက်ဝန်းကိုကညီစော်နံတယ်……….။

commentinfo By: moe-z at Jul 9, 2011
Comment #3

တကယ်တော့ မျှော်လင့်ချက်ဆိုတဲ့သစ်ရွက်၊ အလွမ်းဆိုတဲ့စိမ်းလန်းမှူ၊ နာကျင်ခြင်းဆိုတဲ့ အမြစ် တွေနဲ့ ခြောက်သွေ့မှူ မျက်ရည်တွေ ကို နဲ့ ပြည့်စုံတဲ့ သစ်ပင်လေးကို စိုက်ခဲ့တာ မင်းရဲ့လက်တွေပေါ့။ ကိုယ်တိုင်ကိုယ်ပိုင်ပင်လို့နာမည်ပေးလိုက်မယ်။ တကယ်တော့မင်းဟာသစ်ပင်မဟုတ်ဘူး။ မင်းဟာသစ်ပင် ကိုရှုင်သန်စေခဲ့တဲ့မြေကြီးပါ။

commentinfo By: laminsandar at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment