Professional Authors

အလွမ်းသင့်ည

အရာရာဟာ တိတ်ဆိတ်
တဒိတ်ဒိတ် ခုန်နေတဲ့ရင် နဲ့
ပြူတင်းအပြင် မှာဘာရှိမလဲ
ငါ မကြည့်ရဲဘူး
သည်အချိန်ဆို
အလွမ်းတွေ တံခါးလာခေါက်တတ်လို့ ပါ။
မှောင်မဲ နေတဲ့ ပါတ်ဝန်းကျင်ထဲ
ဘာကိုမှ မမြင်ရပေမယ့်
အပြင်က ခြေသံအရ
အလွမ်းတွေရောက် နေကြပြီ
စကားသံမကြားရပေမယ့်
တံခါးဝက လေသံတီးတိုး
အလွမ်းတွေ တွတ်ထိုးနေကြပြီ ။
ဇွတ်တိုးဝင်တော့ မယ့်အလွမ်းတွေနဲ့
အခန်းပြင် မထွက်ရဲဘူး 
ရင်ဘတ်ထဲ က အိမ်မက်သိုက်ကိုပါ
အလွမ်းကိုက်မှာစိုးတယ်  ။

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

အလွမ်းတွေ တွတ်ထိုးနေကြပြီ ။
ဇွတ်တိုးဝင်တော့ မယ့်အလွမ်းတွေနဲ့
အခန်းပြင် မထွက်ရဲဘူး
ရင်ဘတ်ထဲ က အိမ်မက်သိုက်ကိုပါ
အလွမ်းကိုက်မှာစိုးတယ် ။

ဂွတ်တယ်ဗျာာာာာာာာ ကြိုက်တယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment