Professional Authors

အက္ခရာစာလုံးတွေကို ဘယ်သူပိုင်သလဲ

ဒီလိုစိတ်ဓါတ်မျိုးနဲ့ တော့ ခင်ဗျားကဗျာမရေးနဲ့ 
အကုန်လုံးရေငတ်ကြတာချင်းအတူတူ
(ကျုပ်ကတော့…….)
တစ်ခွက်ပိုသောက်ဖို့ အားနာတယ်
မွေးကင်းစ ကလေးကိုဝါးခြမ်းပြားနဲ့ တော့မရိုက်သင့်ဘူး
သွန်သင်ဆုံးမ လမ်းညွှန်ပြပေးသင့်တာပေါ့
အမှတ်တမဲ့အမှား မဖြစ်စလောက်အမှား
အမှတ်တရဖြစ်ဖို့  ဒဏ်ရာမပေးသင့်ဘူး
ကဗျာ……….
ဆရာ…………….
(သေသေချာချာဖတ်……)
ကဗျာ………..
ဆရာ……………
(ထပ်ပြောဦးမယ်…..)
ကဗျာ…………
ဆရာ……………….
အဲဒီ့ဝေါဟာရတွေမှာ ဘယ်အရာနိမ့်ပါးတာပါလဲ
(ပိုဆိုးတာက…..)
ကဗျာဆရာ…………….
………………………………….
ကဲ……..
ထည်ဝါလှပလိုက်တဲ့ ဝေါဟာရ
ရှေ့ လူ နောက်လူတွေကြည်ဖြူ
(ကျုပ်ကတော့…….)
ဟောဒီ့ကမ္ဘာမှာ…………
……………………………………..
မြန်မာကဗျာဆရာတစ်ယောက်ပေါ်လာရင် ဂုဏ်ယူတယ်
(မသိလို့ မေးပါရစေဗျာ……)
မြန်မာအက္ခရာ စာလုံးတွေကို
ဘယ်သူတွေများပိုင်ဆိုင်ခဲ့ကြတာလဲမိတ်ဆွေ…….
………………………………………………………………………..။                       ။

                                                                                       မိုးထက်အောင်

In: ကဗျာ Posted By: Date: Jan 4, 2011
Comment #1

အစ်ကိုမိုးထက် မတာအတွက် အိမ်လခပေးပြီးသွားပြီလား…. ညီ့အတွက် မီတာခ 10ပါ ပေးပေးနော်… နောက်မှ မတာ ရှင်းပေးလိမ့်မယ်… အိုကေနော်…ကျေးဇူးပါ… ကဗျာလေးလဲ ဖတ်သွားတယ်

Comment #2

ကြိုက်တယ်ဂျာ …
လာအားပေးတွားပါလယ်ဂျို့ … 🙂

commentinfo By: ယုစံ at Jan 4, 2011
Comment #3

လိပ်ပြာ…..
မတာ……..
မီတာခ……
ရှုပ်နေတာပဲလိပ်ပြာလေးရယ်

commentinfo By: moehtetaung18 at Jan 4, 2011
Comment #4

နောက်နေတာ မဟုတ်ဘူး…………… တကယ်ပြောနေတာပါဗျ…………..

Comment #5

10 ထက်ပိုတောင်းရင် မပေးနဲ့နော် သူတို့ဆီက ညီ 10ရစရာရှိသေးလို့

Comment #6

good တယ်ဗျာ……အားပေးတယ်

commentinfo By: genius.jinx28 at Jan 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment