ဘ၀တူများ………….သို့
Poemscorner ဆိုတဲ့ လှေကြီးဆိုက်ကပ်
တက်လိုက်ကြတဲ့ ကဗျာဆရာတွေ
စောင့်ကြည့်နေတဲ့ စာဖတ်သူတွေနဲ့
များပြား စည်ကားလျှက်……………………….
ကဗျာဆိုတဲ့ တက် တွေနဲ့ လှေကြီးကစထွက်
အားသွန်ခွန်စိုက် စည်းစည်းလုံးလုံး
လှော်ခတ်သူ ကဗျာဆရာတွေနဲ့
နေရာလွတ်မရှိအောင် ပြည့်နှက်လျှက်……………
၁ နာရီ ၄၀၀ ဆိုတဲ့ လေပြင်း connection ဆိုတဲ့ လှိုင်းချက်
ကုန်ဆုံးသွားတဲ့ battery ပွန်းပဲ့သွားတဲ့ keyboard
ပြန်မရတော့တဲ့ အချိန်တွေ ဘာကိုမှ ဂရုမစိုက်
ဝါသနာကို အရင်းခံ ဆက်လက်လှော်နေလျှက်………………
အရှုံးတွေနဲ့အမုန်းတွေကိုရပ်
ပျော်စရာနဲ့ကျီစယ်မှုတွေကြား
ဟိုတစ်ယောက်ကကြွား ဒီတစ်ယောက်က ဖား
ဟိုတစ်ယောက်က ပြော ဒီတစ်ယောက်က ဖော
comments နဲ့ ဝေဖန်မှု ဒဏ်အချက်ချက်
`တက်မရှိရင်လက်နဲ့လှော်မယ်´ ဆိုတဲ့ အသိတစ်ချက်
သူတို့အားလုံးကိုယ်စီမှာ ရှိနေလျှက်…………..
Poemscorner ဆိုတဲ့ လှေကြီးပေါ်တက်
အလွမ်းဝေဒနာခံစား အသဲကွဲသူများ
ပေးဆပ်ချစ်လျှက် ခံစားချက်ပြင်းထန်
ပေါက်ကွဲမှုတွေကြား ရိုးသားကြိုးစား
ရင်တွင်းမှ ခံစားချက်များကို ဖွင့်အံနေတော့သည်။
မည်သည့်အရာကိုမှ ဂရုမစိုက်ပါတကား။်
Comment #8
ma good
မက ကဗျာတွေလာအားပေးလို့
i lay လာအားပေးသွားတယ်နော်
By: arkar at May 16, 2011
Comment #9
he,,he,,
ha,,ha,,
right,,
so nice
By: ei lay at Mar 3, 2012




Comment #1
ဟားးးး လေးကြိုးကတော့ လုပ်လိုက်ပြန်ပြီ……