Professional Authors

မမကြီး………..သို့

့ခြင်္သေ့မြို့တော်……တဲ့

လူတွေကတော့အထင်ကြီးကြတယ်။

မျက်ပေါက်ပိတ် အသားဖြူတွေကြား

နင်  တယောက်ကော အဆင်ပြေပါ့မလား

အရင်က နင်ပြောတဲ့ ဆုံးမစကားတွေနားခါးခဲ့လည်း

အခုတော့ တမ်းတတယ်

တခါတခါမှာတော့

ရွှေတိဂုံမြေကို

နင်သတိရမှာပဲနော်

ထိန်လင်းနေတဲ့မီးရောင်စုံကြားကနေ

မဲမှောင်နေတဲ့ ငါတို့မြို့လေးကိုတမ်းတရင်း

အခန်းတံခါးပိတ်ရင်း

ကျိတ်ငိုနေမလား

ကွာခြားလှတဲ့လူနေမှုစနစ်တွေကြား

ပျော်ရာမနေ တော်ရာသွားရတဲ့ခေတ်မှာ

ကိုယ့်တိုင်းပြည်ကိုစွန့်ခွာ

ငွေနောက်ကိုပဲ

ဘယ်အချိန်ထိ လိုက်ရမလဲမသိနော်

နင့်အတွက် နေ့တိုင်း

တကယ့်တော့အချိန်တိုင်းပေါ့

ဆုတောင်းပေးနေပါတယ်

နှိုးစက်သံကိုမုန်းနေမယ့်

နင့်ရဲ့မနက်တိုင်းမှာ

လှပတဲ့မနက်ဖြန်တွေပဲ

နင့်အတွက်ဖြစ်ပါစေ။            ။

In: ကဗျာ Posted By: Date: Feb 12, 2011
Comment #1

ma ma g ko arr pay twar par d,

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment