Professional Authors

poemscorner မှ အားဆေးများ

တင်လျှက်ကျေးဇူး
အစဉ်အမြဲ
လေးစားလို့ပေါ့………..။
ဘာဖြစ်ဖြစ်လေ
ကိုယ့်ရင်ထဲ ကိုယ်
ဝမ်းနည်းခံစားပူဆွေး
မျိုးစုံခံစားရတဲ့
အချိန် ကဗျာတွေ က
အလိုလို ထွက်ကျလာတယ်လေ
လူကိုက အလွမ်းဓါတ်ခံရှိသူ
ကဗျာတွေက
ကြာလာတော့
ထားစရာနေရာမရှိအောင်
များလာချေပြီ
ဒါကြောင့်
ကိုယ့်ခံစားချက်
ကိုယ်သိရသမျှတွေ
မျှဝေဖို့
poemscorner ကို
လှမ်းလာမိချေရဲ့
ရင်ဘက်နဲ့မနိုင်
ပြည့်ကျပ်နေတဲ့
အလွမ်းတွေ
ဘောင်ကွပ်ထားတဲ့
ကဗျာတွေ
စိတ်ထွက်ပေါက်
အရွှန်းဖောက်
ကဗျာတွေ
လူဖြစ်ဝန်းက
ကြည်နူးဖွယ့်
ကဗျာတွေ
တတ်သမျှ  ဟန်
ရှိသမျှ ပိုက်ဆံလေးဖြင့်
အင်တာနက်သုံးကာ
ကဗျာများကိုတင်ပြခဲ့ဖူးသည်…။
ဘယ်လိုပဲဖြစ်ဖြစ်
ကဗျာဆရာတွေရဲ့အားဟာ
တစ်ခြားမဟုတ်
ပရိတ်သတ်ပဲလေ
စင်ပေါ်မတတ်နိုင်တဲ့
ကျွန်တော်တို့အတွက်
poemscorner ဟာလမ်းစပါပဲလေ
ကဗျာဆရာတွေ
ကဗျာကြိုက်သူတွေ
အချင်းချင်း
ကဗျာတွေ
ကွန့်မန့်တွေနဲ့
သည်နေရာ
သည်ဌာနေမှာ
ဆုံနိုင်ကြလေရဲ့
ကျွန်တော်တို့လို
မထင်မရှားကဗျာဆရာတွေကို
ကွန်မန့်တွေပေး
ထင်မြင်ချက်ပေးသော
ကြီးကြီးငယ်ငယ်
ကဗျာချစ်သူတွေဟာ
ကဗျာဆရာတွေဟာ
ကျွန်တော်အတွက်တော့အားပါပဲလေ
ကျွန်တော်နဲ့ရင်ဘက်ချင်းတူတဲ့
ကဗျာဆရာတွေအတွက်လည်း
`အား´   ဖြစ်မယ်ထင်ပါ့
သင်တို့အရေးအသား
သင်တို့ အားပေးစကားကြောင့်
ကျွန်တော့်ကဗျာတွေ
အဖော်မမဲ့တော့ဘူးလေ
အခုတော့
ကျွန်တော်ကဗျာတွေ
ထိုအားဆေးတွေနဲ့
လှပစွာအသက်ရှင်နိုင်လေပြီ…..။
မြန်မာစာ မြန်မာစာပေလောကကို
အကျိုးပြု တဲ့
ခေတ်ပေါ်အင်တာနက်စာပေလေ
သူအချိန်မှာ သူဟာ သူပါပဲ
ဘယ်လိုပဲပြောပြော
လွတ်လွတ်လပ်လပ်
ဆွေးနွေးတင်ပြနေတဲ့
လူငယ်တွေကို
ွှကျွန်တော်ချစ်တယ်
poemscorner ကိုကျွန်တော်ချစ်တယ်
အားပေးသူတွေကို
ကျွန်တော်ချစ်တယ်
ကျွန်တော်ကို အထီးမကျန်စေတဲ့
ကဗျာတွေကို ကျွန်တော်ချစ်တယ်
နောက်ဆုံး
ကွန့်မန့်တွေကိုကျွန်တော်ချစ်တယ်ဗျာ…။
သင်တို့ရှိနေလို့

ကျွန်တော်ကဗျာတွေ

ကျွန်တော်ခံစားချက်တွေ

အသက်ရှင်နေတာ ကျေးဇူးတင်ပါတယ် အားဆေးများရယ်…..။

အစဉ် အားပေး၊ ဝေဖန် ၊ဂရုဏာသက်ပေးသော ကျွန်တော်မိတ်ဆွေများအာ အစဉ်လေးစားလျှက်…..။
                                                                                                မိုးကြီး(လေကြီး)

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

ဟုတ်တယ်လေ…
အားပေးတဲ့သူငယ်ချင်းတွေရော၊၀ါသနာတူမောင်နှမတွေရောက
အားဆေးတွေပဲပေါ့…..

commentinfo By: poem.poem28 at Sep 6, 2011
Comment #2

double အားပေးသွားတယ်နော်………… အစဉ်အမြဲတွက်အားပေးနေမယ်.
ကိုယ်ကတော့အလုပ်တဖက်နဲ့ဆိုတော့ထင်သလောက်မရေးနိုင်တာရယ်….
အရည်အချင်းကလဲဒီကညီအစ်ကိုမောင်နှမတွေလောက်မပြည့်တော့
ဘယ်သူရေးရေး၊ အားပေးနေမှာပါ………….

commentinfo By: May Kha at Sep 6, 2011
Comment #3

ကျေးဇူးတင်ပါတယ် ဆိုမှ စိတ်မကောင်းအောင်လုပ်နေပြန်ပြီ
ကျေးဇူးတင်ပါလေရဲ့ဗျာ Ora min-May Kha နဲ့ Enervon – လုလင်………. ရေ…………

Comment #4

တင်လျှက်ကျေးဇူး
အစဉ်အမြဲ
လေးစားလို့ပေါ့………..။
ဘာဖြစ်ဖြစ်လေ
ကိုယ့်ရင်ထဲ ကိုယ်
ဝမ်းနည်းခံစားပူဆွေး
မျိုးစုံခံစားရတဲ့
အချိန် ကဗျာတွေ က
အလိုလို ထွက်ကျလာတယ်လေ
လူကိုက အလွမ်းဓါတ်ခံရှိသူ
ကဗျာတွေက
ကြာလာတော့
ထားစရာနေရာမရှိအောင်
များလာချေပြီ
ဒါကြောင့်
ကိုယ့်ခံစားချက်
ကိုယ်သိရသမျှတွေ
မျှဝေဖို့
poemscorner ကို
လှမ်းလာမိချေရဲ့
ရင်ဘက်နဲ့မနိုင်
ပြည့်ကျပ်နေတဲ့
အလွမ်းတွေ
ဘောင်ကွပ်ထားတဲ့
ကဗျာတွေ
စိတ်ထွက်ပေါက်
အရွှန်းဖောက်
ကဗျာတွေ
လူဖြစ်ဝန်းက
ကြည်နူးဖွယ့်
ကဗျာတွေ
တတ်သမျှ ဟန်
ရှိသမျှ ပိုက်ဆံလေးဖြင့်
အင်တာနက်သုံးကာ
ကဗျာများကိုတင်ပြခဲ့ဖူးသည်…။
ဘယ်လိုပဲဖြစ်ဖြစ်
ကဗျာဆရာတွေရဲ့အားဟာ
တစ်ခြားမဟုတ်
ပရိတ်သတ်ပဲလေ
စင်ပေါ်မတတ်နိုင်တဲ့
ကျွန်တော်တို့အတွက်
poemscorner ဟာလမ်းစပါပဲလေ
ကဗျာဆရာတွေ
ကဗျာကြိုက်သူတွေ
အချင်းချင်း
ကဗျာတွေ
ကွန့်မန့်တွေနဲ့
သည်နေရာ
သည်ဌာနေမှာ
ဆုံနိုင်ကြလေရဲ့
ကျွန်တော်တို့လို
မထင်မရှားကဗျာဆရာတွေကို
ကွန်မန့်တွေပေး
ထင်မြင်ချက်ပေးသော
ကြီးကြီးငယ်ငယ်
ကဗျာချစ်သူတွေဟာ
ကဗျာဆရာတွေဟာ
ကျွန်တော်အတွက်တော့အားပါပဲလေ
ကျွန်တော်နဲ့ရင်ဘက်ချင်းတူတဲ့
ကဗျာဆရာတွေအတွက်လည်း
`အား´ ဖြစ်မယ်ထင်ပါ့
သင်တို့အရေးအသား
သင်တို့ အားပေးစကားကြောင့်
ကျွန်တော့်ကဗျာတွေ
အဖော်မမဲ့တော့ဘူးလေ
အခုတော့
ကျွန်တော်ကဗျာတွေ
ထိုအားဆေးတွေနဲ့
လှပစွာအသက်ရှင်နိုင်လေပြီ…..။
မြန်မာစာ မြန်မာစာပေလောကကို
အကျိုးပြု တဲ့
ခေတ်ပေါ်အင်တာနက်စာပေလေ
သူအချိန်မှာ သူဟာ သူပါပဲ
ဘယ်လိုပဲပြောပြော
လွတ်လွတ်လပ်လပ်
ဆွေးနွေးတင်ပြနေတဲ့
လူငယ်တွေကို
ွှကျွန်တော်ချစ်တယ်
poemscorner ကိုကျွန်တော်ချစ်တယ်
အားပေးသူတွေကို
ကျွန်တော်ချစ်တယ်
ကျွန်တော်ကို အထီးမကျန်စေတဲ့
ကဗျာတွေကို ကျွန်တော်ချစ်တယ်
နောက်ဆုံး
ကွန့်မန့်တွေကိုကျွန်တော်ချစ်တယ်ဗျာ…။
သင်တို့ရှိနေလို့

ကျွန်တော်ကဗျာတွေ

ကျွန်တော်ခံစားချက်တွေ

အသက်ရှင်နေတာ ကျေးဇူးတင်ပါတယ် အားဆေးများရယ်…..။
တစ်ပုဒ်လုံး ကြိုက်လို့ပါ…..။

Comment #5

လူဆိုးလည်းအားပေးသွားတယ်ဗျို့ .. ဒီကဗျာဆိုဒ်ထဲကညီအကိုမောင်နှမတွေ
အားလုံးဟာ အားဆေးဆွေပဲလေ … 😛

commentinfo By: chityellusoelay at Sep 6, 2011
Comment #6

channaye လဲ အားပေးတယ်ဗျို့
ညီအစ်ကိုမောင်နှမ အုပ်စုထဲမှာ ကျွန်တော် အငယ်ဆုံးပဲ
အကြည်တော်ပြောသလို စိတ် သက်
😀

commentinfo By: mgchannaye at Sep 7, 2011
Comment #7

မှန်ပါ့ဗျာ အားဆေးတွေက တကယ်ကိုယ့်ကဗျာတွေကို အထီးကျန်မှုကလွတ်မြောက်စေတယ် ဒီကဗျာလေးလည်း ကောင်းသဗျ အားပေးသွားတယ်ဗျို့။

commentinfo By: X - ray at Sep 7, 2011
Comment #8

he,,he,,,
he,,he,,
comment lay tway pay kwint pyu tar kyae zu ka bar par,

commentinfo By: ei lay at Sep 18, 2011
Comment #9

Great poet!

commentinfo By: kgkg at Dec 18, 2011
Comment #10

အားဆေးတစ်တောင့် လာပြန်ပြီဗျို့….. 😀

commentinfo By: နိုးဆက် နေ့ at Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment