Professional Authors

ခက်တယ်

နင်မေ့ခဲ့ပြီးပြီပဲ
နောင်တဆိုတာ အကြောင်းပြ
ပြင်ဆင်ခွင့်တွေ နင်မျှော်လင့်လည်း….
သိပ်မများတဲ့ ငါ့မာနက
နင့်လိုလူကို ငြိုငြင်သွားတာ ခက်တယ်…..။

နင်ထားခဲ့ပြီးပြီပဲ
အချစ်နိုင်ဆုံးလို့ နင်အမည်တပ်
အသစ်ပြန်စဖို့ နင်ကြိုးစားလည်း
မရိုးသားခဲ့တဲ့ နင့်ကြင်နာခြင်းကို
ခုထက်ထိ ငါ မေ့မရသေးတာ ခက်တယ်…..။

နင်ပြေးထွက်ပြီးပြီပဲ
ပြန်လာပြီလို့ နင်ဟစ်ကြွေး
အရင်က အမှားအတွက် နင်တောင်းပန်လည်း
သေချာသွားတဲ့ ငါ့အချစ်ဆုံးက
နင်မဟုတ်တော့တာ ခက်တယ်……။

In: ကဗျာ Posted By: Date: Jan 3, 2011
Comment #1

မခက်ပါနဲ့တော့……. ရှင်းသွားပြီပဲဟာ……….အားပေးနေဆဲပါဗျာ

Comment #2

မကေသ၇ီေ၇….. အားပေးနေဆဲပါ

commentinfo By: genius.jinx28 at Jan 3, 2011
Comment #3

သြော် ခက်တဲ့သူက ခက်နေတာကို….
သူလွယ်တိုင်း

commentinfo By: layykyoe at Jan 3, 2011
Comment #4

ခက်တယ်ခက်တယ်………..မိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #5

ထိတယ်…စာသားတွေက

commentinfo By: bluesky.bluesky at Mar 26, 2011
Comment #6

အားပေးသွားပါတယ် မကေသရီ

commentinfo By: chityellusoelay at Aug 19, 2011
Comment #7

လုံးဝလန်းတယ် ကဗျာက ~~

With respect,
RAY

commentinfo By: X - ray at Dec 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment