Professional Authors

သင်္ကြန်လို့ ကြားရင်..ပြေးပြေးမြင်တာ..ခက်တယ်

ကြယ်စွတ်တဲ့ လက်
ရင်မှာ…ဟာတာတာနဲ့ 
မြင်ရာ..လှမ်းလှမ်းဆွဲ လွမ်းတတ်တယ်

သင်္ကြန်..စိုထိုင်းထိုင်းဖြစ်ဖို့ 
ပက်ပေးလိုက်ရတဲ့ ရေတွေ……
ချစ်သူအတွက်..ရေအေးအေးလေးတစ်ခွက်
 ကျွန်တော့်လက်နဲ့ ခပ်ထားတယ်
ရင်ထဲမှာတော့….သင်္ကြန်မိုးလေးတိုးတိုးငြီး
အထီးကျန်နေပါတယ်..ချစ်သူ

နှစ်သစ်မှာ ပျော်ရွှင်ပါစေ..ချစ်သူ
ဒါနဲ့ စကားမစပ်..ဒီကဗျာဖတ်တဲ့လူတွေလဲ
အဆိုးတွေကင်းလို့  လန်းဆန်းပါစေဗျာ…….။
 

In: ကဗျာ Posted By: Date: Apr 14, 2013
Comment #1

ကဗျာဖတ်တော့လန်းသားရှင့် ..
ကဗျာရေးတဲ့သူလည်း ရေပက်လိုက်တယ်နော်
ဗွမ်း ဗွမ်း

commentinfo By: မေပျို at Apr 14, 2013
Comment #2

ဟာ..ဒုက္ခပါပဲရွှဲကုန်ပါပြီ

commentinfo By: သဟံသစ် at Apr 17, 2013
Comment #3

အိုးမဲပါသုတ်ရမှာ ပိုပျော်စရာကောင်းအောင်လို့

commentinfo By: မေပျို at Apr 17, 2013
Comment #4

မလုပ်ပါနဲ့  မမေပျို ၇ယ်…အမေမွေးတဲ့ရုပ်ချောချောလေးပဲကောင်းပါတယ်

commentinfo By: thahanthit at Apr 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment