Professional Authors

ခက်တယ်…

 

မင်းရဲ့လုပ်ရပ်တွေကြောင့်
ဝမ်းနည်းငိုကြွေး
စိတ်မကောင်းဖြစ်မိနေပေမယ့်လည်း
မင်းကို
စိတ်မနာတတ်ခဲ့တာ
ခက်တယ်

ခါးသည်းတဲ့ မင်းရဲ့အပြောတွေကို
ကြိမ်ဖန်များစွာကြားခဲ့ရလည်း
ရင်ထဲမမှတ်
မင်းအတွက်ဆို ဆက်လက်
ပေးဆပ်ဖို့ ဝန်မလေးတတ်ခဲ့တာ
ခက်တယ်



လိုအပ်ရင်တစ်မျိုး
မလိုအပ်ရင်တစ်မျိုး

ဆက်ဆံတတ်တဲ့ မင်းရဲ့အကျင့်ကို
သိသိရက်နဲ့
မင်းကို မုန်းမရတာ ခက်တယ်

တကယ်တော့
အလိုက်မသိတတ်တဲ့ မင်း
တန်ဖိုးမထားတတ်တဲ့မင်း
မျှော်လင့်တတ်တဲ့ ငါ
ပေးဆပ်တတ်တဲ့ ငါ
ထားလိုက်ပါတော့
ပြောလို.လည်းပြီးမှာ မဟုတ်
မင်းလည်း ပြောင်းလဲမှာ မဟုတ်
နောက်ဆုံးတော့လည်း ဒီလိုဘဲ ဆက်ပြောနေမယ်
ခက်တယ်

In: ကဗျာ Posted By: Date: Mar 4, 2011
Comment #1

အားပေးသွားပါတယ် ဗျာ….
ခါးသည်းတဲ့ မင်းရဲ့အပြောတွေကို
ကြိမ်ဖန်များစွာကြားခဲ့ရလည်း
ရင်ထဲမမှတ်
မင်းအတွက်ဆို ဆက်လက်
ပေးဆပ်ဖို့ ဝန်မလေးတတ်ခဲ့တာ
ခက်တယ်…

commentinfo By: genius.jinx28 at Mar 5, 2011
Comment #2

ပြောလို.လည်းပြီးမှာ မဟုတ်
မင်းလည်း ပြောင်းလဲမှာ မဟုတ် …………

စွန့်လွှတ်ဖို့လဲ သတ္တိမရှိခဲ့တော့ ……………. တကယ်ကို ခက်တယ်

commentinfo By: ခင်ဘုန်းနေ at Mar 5, 2011
Comment #3

မြတ်နိုးရေ
အရမ်းကောင်းတယ် ဒီကဗျာလေးက
ဒီလိုခံစားချက်တွေနဲ့ နေသားကျသွားတဲ့အခါ
အချစ်ဆိုတာ ဒီလိုကြီးပဲလို့တောင် ထင်မိတယ်
ကောင်းတယ် ဒီကဗျာလေးက…………။

commentinfo By: ကေသရီ at Mar 5, 2011
Comment #4

ခတ်တယ်………….
တော်တော်လေးတော့ ခတ်တယ်ဗျ………..
အဲ့ ဒီနောက်မှာအရာရာလွယ်သွားတာကိုက
ခတ်တယ်။။။။။။။။။

commentinfo By: kathitni1980 at Mar 5, 2011
Comment #5

ဖြစ်တတ်ပါတယ် 😀

commentinfo By: လွမ်းနောင် at Mar 5, 2011
Comment #6

ma kay …
My poem is very similar to yours .. even the title and the way we composed are all same ..
I didn’t realize that earlier .. until I posted mine 🙁
I am really sry, ama K
It’s my own feelings par ama

commentinfo By: Myat Noe at Mar 6, 2011
Comment #7

အားပေးတာ ကျေးဇူးပါ 🙂

commentinfo By: Myat Noe at Mar 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment