Professional Authors

ပိုမြတ်နိုးမိပါတယ်

လူအားလုံးရဲ့ ဂရုစိုက်မှုတွေထက်
နင့်ရဲ့ တစိမ်းဆန်မှုတွေကို
ပိုမြတ်နိုးမိတယ်…..။

တချို့တွေရဲ့ ကြင်နာမှုတွေထက်
နင့်ရဲ့ရက်စက်မှုဗတွကို
ပိုမြတ်နိုးမိတယ်…..။

တခြားလူတွေရဲ့ တန်ဖိုးထားမှုတွေထက်
နင့်ရဲ့ အသုံးချမှုတွေကို
ပိုမြတ်နိုးမိတယ်…..။

ငါ့ဘ၀ရဲ့ အနာဂတ်တွေထက်
နင့်ရဲ့ခဏတာပျော်ရွှင်မှုတွေကို
ပိုမြတ်နိုးမိတယ်…..။

အားလုံးသော ပုဂ္ဂိုလ်တွေရဲ့ အလေးပေးမှုတွေထက်
နင့်ရဲ့ ဟန်ဆောင်နှစ်သိမ့်မှုတွေကို
ပိုမြတ်နိုးမိတယ်…..။

ဒီလိုနဲ့ ငါမြတ်နိုးမိနေရင်း…..
ကျောခိုင်းထွက်ခွာသွားတဲ့နင့်ကို
အရင်ကထက်…….ငါ…..ပိုမြတ်နိုးမိပါတယ်……။

In: ကဗျာ Posted By: Date: Jan 3, 2011
Comment #1

ဒီလိုနဲ့ ငါမြတ်နိုးမိနေရင်…..
ကျောခိုင်းထွက်ခွာသွားတဲ့နင့်ကို
အရင်ကထက်…….ငါ…..ပိုမြတ်နိုးမိပါတယ်……။
မကေသ၇ီတို့က တော့ လုပ်ချလိုက်ပြန်ပြီး… အ၇မ်း လည်းမလုပ်ပါနဲ့ လိုက်မမီတော့ဘူး ။ကျွန်တော် …
အားပေးနေတယ်

commentinfo By: genius.jinx28 at Jan 3, 2011
Comment #2

ညီမ ခံစားချက်နဲ့ကွက်တိပဲ မကေသရီရယ် ……….

commentinfo By: linn at Jan 3, 2011
Comment #3

အရမ်းကောင်းတာပဲ
အမရေ
ညီမလဲအဲံအသုံးချမှုတွေနဲ့ပဲပျော်နေမိတယ်………..

commentinfo By: mainkalay at Jan 3, 2011
Comment #4

မိုက်တယ်ဗျာ……..မလိမ္မာဘူး ဟီးဟီး နောက်တာနော် တကယ်ကြိုက်တယ်
🙂

commentinfo By: anatyong at Jan 3, 2011
Comment #5

ကေ့ကို အားပေးနေဆဲပါ…………အမှန်တော့ ၀င်ဖတ်တာ 3ခါရှိပြီ… ..

Comment #6

ဟားးးးးးးးးးးးး နည်းသေးတယ် ။

commentinfo By: genius.jinx28 at Jan 3, 2011
Comment #7

မင်း မသိသေးပါဘူး ရဲလေးရာ

Comment #8

နဒီလည်း မသိသေးဘူး ။
ရှင်းပြကြပါဦး။

commentinfo By: layykyoe at Jan 3, 2011
Comment #9

ကိုရဲလေးကကော…….ဘယ်နှစ်ခါတောင်ဖတ်ပြီးပြီလဲ

commentinfo By: mainkalay at Jan 3, 2011
Comment #10

ကေ ..ပိုပိုကောင်းလာတယ်…ဘယ်လောက်တောင်ခံစားနေရလဲ….
….
အဆင်ပြေပါစေ

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #11

သိပ်မများပါဘူး အသဲကွဲမိုး ရဲ့ အရင်က ကေ့ကဗျာစာအုပ်အဟောင်းထဲက
ကဗျာလေးပါ တစ်ခါကတော့ ဒီလို ဖြစ်ဖူးတာပေါ့လေ……

commentinfo By: ကေသရီ at Jan 3, 2011
Comment #12

ကိုလိပ်ပြာထက်တော့ များမယ်ထင်ပါတယ် ဟဲဟဲ…
ကလေး မသိတာပဲ ကောင်းပါတယ်

commentinfo By: genius.jinx28 at Jan 3, 2011
Comment #13

ဒီလိုပါပဲ…အချစ်ဆိုတာ

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #14

ရှင်းပြကြပါဆို…ငါ့ကို အရေးမလုပ်ကြပါလားကွယ်။

commentinfo By: layykyoe at Jan 3, 2011
Comment #15

ဘယ်လိုရှင်းပြရမှာလဲ ကဗျာကိုလား…….ဒါမှမဟုတ် ကေ့ကို ပေးထားတဲ့ comment တွေကိုလားဟင်

commentinfo By: ကေသရီ at Jan 3, 2011
Comment #16

ကဗျာကို

ငါ့ဘ၀ရဲ့ အနာဂတ်တွေထက်
နင့်ရဲ့ခဏတာပျော်ရွှင်မှုတွေကို
ပိုမြတ်နိုးမိတယ်…..။

ဘာလဲဟင်။

commentinfo By: layykyoe at Jan 3, 2011
Comment #17

အော် လေးကြိုးရယ် ဖြစ်မှ ဖြစ်ရလေ မချစ်ဖူးဘူးဆိုတာ သေချာနေသယောင်ယောင်

Comment #18

ကေ့ကို ဒို့ အပြင်မှာ သိတယ် ကေက အင်္ဂလိပ်စာ အဝေးသင် ဒုတိယနှစ်က ကေသရီမျိုးနောင် မဟုတ်လား
စာမေးပွဲဖြေနိုင်လား…..?
ကေက လှရဲ့သားနဲ့ ဘာ့ကြောင့် ဒီလို ခံစားချက်မျိုးရှိနေတာလဲ
ကေ့ပုံစံလေးနဲ့ ပျော်ရွှင်စေတဲ့ ချစ်သူမျိုးတွေ ရွေးလို့ရနေတာပဲ
သူ့ကို ကေ မေ့သင့်နေပြီကေ…..အရင်ကခံစားချက်ဆိုတာ ခုထိစိတ်ထဲမှာ ရှိနေသေးလို့နေမှာပါ

commentinfo By: မိုးဖြူ at Jan 3, 2011
Comment #19

သူများတွေ ပြောကုန်ပြီး ဘာပြော2 မေဂျာတူတယ် ကေသ၇ီ
ချစ်နေသေးတာလည်းတူတယ်ဟဲဟဲ………

commentinfo By: genius.jinx28 at Jan 3, 2011
Comment #20

အမယ် ကေက လဲ အီးမေဂျာကပဲပေါ့ မေ၈ျာတူတယ်ကွ သူငယ်ချင်းလုပ်မယ်မဟုတ်လား

commentinfo By: nyamoethee at Jan 3, 2011
Comment #21

မမိုးဖြူက ဘယ်သူလဲဟင် ကေ့ကို သိနေတယ်…..?
အော် ကိုလေးကြိုးရယ် အစ်ကိုမေးတဲ့

ငါ့ဘ၀ရဲ့ အနာဂတ်တွေထက်
နင့်ရဲ့ခဏတာပျော်ရွှင်မှုတွေကို
ပိုမြတ်နိုးမိတယ်…..။ က
ကေ့အနာဂတ်အတွက် ကြိုးစားရမယ့်အချိန်တွေမှာတောင်……သူစိတ်ညစ်နေတဲ့အခါ သူခဏလေးဖြစ်ဖြစ်ပျော်ရွှင်အောင် ကေ လုပ်ပေးခဲ့တယ်
အဲလိုလုပ်ပေးခွင့်ရတဲ့ ခဏလေးကို ကေ့အနာဂတ်ထက်တောင် ကေ မြတ်နိုးတယ်ကို ပြောတာပါ

commentinfo By: ကေသရီ at Jan 3, 2011
Comment #22

ဘယ်က ကိုလေးကြိုးလဲ။ဒုက္ခပါပဲ။
လေကြိုးဆိုတာ ကလောင်နာမည်။
နာမည်အရင်းက နဒီ။

commentinfo By: layykyoe at Jan 3, 2011
Comment #23

ငါ့ကို ပြန်တောင်မဖြေဘူး အဟင့် ကလေးဆိုပြီးလူ၇ာမသွင်းကြတာဖြစ်မယ်
လောကကြီးကမတ၇ားဘူး ငါ့ကိုပဲကြီးလှော်ပဲဝင်နှိုက်ခိုင်းတယ်

commentinfo By: nyamoethee at Jan 3, 2011
Comment #24

ဟယ် မဟုတ်ဘူး ကေ comment ပြန်ပေးတဲ့ အချိန်နဲ့ nyamoethee comment ပေးတဲ့အချိန် တူသွားလို့ပါ ပြန်ပြောပါတယ်…..။

commentinfo By: ကေသရီ at Jan 3, 2011
Comment #25

တော်သေးတာပေါ့ ကေ၇ယ် သဲကိုပြန်ဖြေပေးလို့ မဟုတ်၇င် ဘယ်သူမှတောင်ပြန်ပြောပေးမှာမဟုတ်ဘူး

commentinfo By: nyamoethee at Jan 3, 2011
Comment #26

ဟယ်…………ဒီ့ကျတော့ပြန်မပြောဘူး။
ကိုလေးကြိုးလို့ခေါ်တုန်းကခေါ်ထားပြီးတော့….

commentinfo By: layykyoe at Jan 3, 2011
Comment #27

ဟုတ်ပါ့ ဟုတ်ပါ့ ငါမပြောလိုက်ချင်ဘူး သူများကောင်းတိုင်းလိုက်ကောင်းနေတယ် င၇ဲမင်းကြီးလေ

commentinfo By: nyamoethee at Jan 3, 2011
Comment #28

ပြောတယ် လေးကြိုး အဲဟုတ်ဘူး…နဒီ ကေ ပြန်ပြောတယ်နော်…:P
nyamoethee က ကောင်မလေးထင်တယ် တာဝကလား ဒဂုံကလား ဟင် ကျောင်းက

commentinfo By: ကေသရီ at Jan 3, 2011
Comment #29

နဒီ က အင်္ဂလိပ် ၊ဒုတိယနှစ်၊မော်လမြိုင် က

commentinfo By: layykyoe at Jan 3, 2011
Comment #30

ကျွန်တော် ၇ဲမင်း ဖြေမယ် ကျွန်တော်က ဒဂုံက day /second years ကေသ၇ီ

commentinfo By: genius.jinx28 at Jan 3, 2011
Comment #31

ကေ က တာဝကပါ

commentinfo By: ကေသရီ at Jan 3, 2011
Comment #32

သဲက အနောက်ပိုင်းကပါ စောစောကတည်းကဖြေနေတာ ကွန်ကျသွားလို့ပါ

commentinfo By: nyamoethee at Jan 3, 2011
Comment #33

ဒုတိယနှစ်

commentinfo By: nyamoethee at Jan 3, 2011
Comment #34

ကွန့်မန့်တွေများလို့ဝင်ဖတ်ကြည့်တာ။ ကဗျာလေးကောင်းသလားလို့။ ကဗျာကိုဝေဖန်တာကနည်းနည်းရယ်။

commentinfo By: waitun at Jan 4, 2011
Comment #35

Nice creation

commentinfo By: ei lay at Nov 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment