Professional Authors

နံနက်ခင်းသို့

ငါ့ရဲ့  မနက်ခင်းလေးရေ
မင်းရောက်လာဖို့ အတွက်
ညတွေထဲကို ငါခုန်ဆင်း
လမင်းနဲ့  မှတ်တမ်းတွေ ရေးနေတာပါ ….

ကြယ်တွေ အကြောင်း
ဂြိုလ်တွေ အကြောင်း
အင်း … တကယ်တော့ ..
မင်းအကြောင်းတွေကိုပဲ ရေးမိနေတာပါ ….

ထားပါလေ ..
မင်းရောက်လာမှပဲ
ငါ့ ကို နှိုးလိုက်ပါတော့  …..

မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ …..
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ …..

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ …..
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ …..
………………………………….
တိုက်ဆိုင်မှုတွေနဲ့ အားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #2

အားပေးသွားပါတယ် ကို မင်းနေဝေး
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ

Comment #3

ကျေးဇူးတင်ပါတယ် ….

commentinfo By: မင်းနေဝေး at Aug 16, 2011
Comment #4

ကောင်းတယ်ဗျ
မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ …..
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ …..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 16, 2011
Comment #5

ကြယ်တွေ အကြောင်း
ဂြိုလ်တွေ အကြောင်း
အင်း…တကယ်တော့..
မင်းအကြောင်းတွေကိုပဲ ရေးမိနေတာပါ….
တစ်ခါတစ်လေတော့လည်း အချစ်ကြောင့် ဟန်ဆောင်ကောင်းရတာတွေလည်း ရှိတယ်နော် အားပေးသွားတယ် ကဗျာလေး ကောင်းတယ်ဗျ ။

commentinfo By: X - ray at Aug 22, 2011
Comment #6

wow,,,
cute poem

commentinfo By: ei lay at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment