Professional Authors

နှစ်အချိုးတစ်ထဲက ငါ (ကွဲအက်မိုး)

ဒီလိုနဲ့ ငါလည်း အရူးတစ်ပိုင်းဖြစ်ခဲ့တယ်…
သက်ပြင်းတွေအခါခါမှုတ်ထုတ်
အမှောင်မှာလဲ တစ်ယောက်တည်း ငုတ်တုတ်ထိုင်….

ဒီလိုနဲ့ ငါလည်း စာလုံးပေါင်းတွေပြောင်းခဲ့တယ်…
ငါ့ကိုယ်ငါ အခါခါရေရွတ်ခဲ့
လူတချို့က ငါ့ကိုခေါ်ဆိုရင်တောင်
သူ့နာမည်ကိုပဲ ကြားချင်ခဲ့တယ်

ဒီလိုနဲ့ ငါလည်း အိမ်မက်ဆိုးတွေမက်ခဲ့ရတယ်…
သူတစ်ပါးလက်ကလုခဲ့မိ
ကိုယ့်အလှည့်ဆိုတာကိုတွေးရင်း
လူပီသစွာ ကြောက်တတ်လိုက်တာ
နိုးထခြင်းတွေတိုင်းမှာ ဇောချွေးတွေနဲ့ …

ဒီလိုနဲ့ ငါလည်း မနက်ဖြန်တချို့ကို မျှော်လင့်မိပြန်တယ်….
နှင်းဆီအဝါတစ်ပွင့်ကို ရဲရဲဆုပ်ကိုင်ဝံ့ ပေမယ့်။
သူ့ဆူးတွေနာကျင်ရမှာတော့
ငါကြောက်ရွံ့နေခဲ့ရ….

ဒီလိုနဲ့ ငါနောက်ဆုံးဖတ်တဲ့ကဗျာ
စာမမှီ ပေမမှီနဲ့
နှစ်အချိုးတစ် ဆိုတဲ့ကဗျာ
ဘဝမှာ ငြိမ်းအေးရပါလို၏ လို့
နောက်ထပ်ဆုတောင်းမိ ခဲ့ ပြန် တယ်…

ကွဲအက်မိုး
၂၇။၉။၂၀၁၄

In: ကဗျာ Posted By: Date: Sep 27, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment