Professional Authors

ဗလာ … ။

အာလူးစားသူများ ပန်းချီကားထဲ

အာလူးများသာ တွေ့ရသည် …

အဲဒိလောက်ထိ ငါ အေးစက်တတ်ပြီ … ။

 

ဗင်းဆင့်က ကြယ်တွေစုံတဲ့ ည … တဲ့ …

ငါ့ကောင်းကင်က တစ်ပွင့်တည်းသော ကြယ်လေး …

ကြွေကျသွားတယ် … ။

 

စိတ်ထဲမှာလဲ … ဗလာ …။

ရင်ထဲမှာလဲ … ဗလာ … ။

နင့်ကိုလဲ … ဗလာ … ဗလာ … ဗလာ … ။

 

ငါ့ကြယ်လေးအတွက်ငါ … အမျှဝေမယ် …

ကြယ်လေးရေ … ရောက်ရာအရပ်က သာဓု ခေါ်ကွယ် … ။

 

အဲဒိလောက်ထိ ငါ …

အေးစက်တတ်ပြီ … ။

 

In: ကဗျာ Posted By: Date: Jan 1, 2011
Comment #1

စိတ်မကောင်းပါဘူး .. ကို(မ)ယုစံ,

ကျွန်တော့် ကဗျာထဲကစားသားကို ဒီကဗျာထဲမှာ ဘာမှ မပြောင်းလဲပဲ ပြန်တွေ့နေရတယ်။

“အာလူးစားသူများ ပန်းချီကားထဲ
အာလူးများသာ တွေ့ရသည် …”

http://thettwe.me/my-writings/163
https://www.poemscorner.com/post-type/myanmar-poems/7274

commentinfo By: သက်ထွေး at Jan 1, 2011
Comment #2

ကောင်းပါတယ်

commentinfo By: ဝေဖြိုး at Jan 2, 2011
Comment #3

တော်တော်မွှေတဲ့ ဗန်ဂိုး ကွာ……..
သူမို့ လို့ ဒီအာလူးတွေ ပန်းချီဆွဲရတယ်လို့ ……:)

commentinfo By: moehtetaung18 at Jan 2, 2011
Comment #4

ဝိုးဟိုးဟိုး … မနေ့က ကွန်မန့် မတက်လိုက်တာ ဒီနေ့ နဲနဲ ကြီးကျယ်သွားပါ့လား … ခိခိ
ချောတီးဗျာ အကိုသက်ထွေး … ဖြစ်ပုံက ဒီလို …
ညီမ ကဗျာတစ်ပုဒ်ဖတ်ပီး အဲ့စာသားကို ပဲ မှတ်မိနေတာ … ဘယ်သူရေးတဲ့ ဘယ်ကဗျာကို ဘယ်နားဖတ်မိမှန်း မမှတ်မိဝူး … အဲ့စာသားလေးကို စာအုပ်ထဲရေးထားရင်းနဲ့ နောက်နေ့ ချစ်ချစ်နဲ့ ကွိုင်တက်တော့ ဘာရယ်မဟုတ် ကဗျာလေးရေးပီး တင်လိုက်မိတာပါ … ဘာသဘောမှ မပါပါဝူးဂျာ … 😛
ခရက်ဒစ်ပေးဖို့ရာလဲ … ဘာဆိုဘာမှ မမှတ်မိဝူးလေ … လူကလဲ မွှန် နေတဲ့ အချိန်ဆိုတော့ … 🙂
အနူးအညွတ်ကြီး ချောတီးဗျာ … ဒီကဗျာကနေ အဲ့စာသားလေး ပြန်ဖြုတ်ပေးရမလားဟင် … ဖြုတ်ပေးဆိုလဲ ပြန်ဖြုတ်ပေးပါ့မယ် … 🙂

commentinfo By: ယုစံ at Jan 3, 2011
Comment #5

ကိုဇာတိရေ … လာအားပေးတဲ့အတွက် ကျေးဇူးပါ … 🙂
ကိုမိုးထက်အောင် … 🙂 အဲ့ပန်းချီကားလေး ကြည့်ကြည့်ဗျ … သီပေါမင်းပါတော်မူတဲ့နှစ်က ဆွဲထားတာ … မြန်မာ့ပန်းချီနဲ့ ကမ္ဘာ့ပန်းချီ အဲ့အချိန်ထဲက အတော်လေး ကွာခြားနေပြီ … သူတို့က realism တွေ ရေးနေတဲ့အချိန် .. မြန်မာတွေက ဇာတ်ကြီးဆယ်ဘွဲ့တွေ ကနုတ် နရီ ကပီ ကဇာ တွေထဲက မထွက်နိုင်သေးဝူး … မြန်မာ့ပန်းချီလဲ အဆင့်အတန်းရှိပါတယ်ဗျာ … ဒါပေမယ့် ရီရယ်လစ်ဇင်ဘက်မှာကျ တော်တော်အားနည်းခဲ့တာပဲ .. 🙂

commentinfo By: ယုစံ at Jan 3, 2011
Comment #6

ရပါတယ် မယုစံ အဆင်ပြေသလိုသာ လုပ်ပါ။ သိစေလိုတဲ့ ဆန္ဒတစ်ခုထဲနဲ့ ပြောပြတာပါ။ အဖြစ်အပျက်တွေအားလုံးထဲမှာ အခုလို အမှန်ကို ပြန်ဖြေရှင်းတာလဲ မယုစံ ပထမဦးဆုံးပါပဲ။ အဲ့ဒီအတွက်လည်း လေးစားပါတယ်။ တစ်ချို့က ယောက်ျားလေးတွေဖြစ်ပြီး ၀န်ခံရဲဖို့ကြ သူရဲဘောကြောင်နေတတ်ကြတယ်။ မရှိမဲ့ ရှိမဲ့ သိက္ခာလေးတွေ တိုက်စားသွားခံရမှာ ကြောက်တယ် ထင်ပါရဲ့။ ဘာပဲပြောပြော ကျေးဇူးတင်ပါ၏။ (ကောင်လေးနဲ့လည်း အဆင်ပြေပါစေ :P)

commentinfo By: သက်ထွေး at Jan 4, 2011
Comment #7

……..:)

commentinfo By: moehtetaung18 at Jan 4, 2011
Comment #8

သြော်…..
အာလူး……
ကော်ပီ………..
မူပိုင်…………………..
ကဗျာ…….
ဆရာ…………..
🙂

commentinfo By: moehtetaung18 at Jan 4, 2011
Comment #9

သူ … ပြုံးနေသည် … မုန့်ဖိုးပေးတော့မည် … 😛

commentinfo By: ယုစံ at Jan 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment