Professional Authors

ချစ်သောခရေ…….

ပင်မြင့်စံပန်းကလေးပါ…

တော်ဝင်တော့မဟုတ်ပါဘူး..

စိမ်းရောင်စို စိမ်းရွက်ကြား

ဝင့်ဝါနုရွေရောင်သွေး..

ပန်ချင်သူ မျှော်ကာလင့်တယ်

ပင့်သက်ရယ်ငေး…

အချိန်ကျလာတော့

အသက်တငွေ့ လေအဝှေ့မှာ..

ကြွေလွင့်ကာ..

မြေမှာ“ခ”ပြန်တော့….

ဆင်းသက်လွင့်ဝေး…….

အကြွေပန်းပေမို့

ရွေနန်းတော့မထိုက်ဘူး…

မြတ်နိုးသူမြေမှာကောက်လို့

ဆံမြိတ်မှာဆင် ယဉ်တယ်

သွေ့ခြောက်သော်…

တယုတယသိမ်းလို့

မွှေးရနံ့မပြယ် …….

ပန်းလေးသီတယ်….

အလွမ်းလေးစီမယ်..

မြတ်နိုးမိတယ်

အနမ်းတွေ ဝေမယ့် ………

သြော်…ပန်းခရေ………

In: ကဗျာ Posted By: Date: Apr 28, 2011
Comment #1

အနမ်းတွေ ဝေမယ့် ………

သြော်…ပန်းခရေ………။
ကာရန်တွေ မိတယ်…..။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #2

like women’s life.
so pity we are,

commentinfo By: ei lay at May 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment