Professional Authors

တစ်ဦးတည်းသောချစ်သူ

ချစ်သူ…………
မင်း တစ်ယောက်ကို
ငါ့ဘ၀မှာ ဘယ်တုန်းကမှ
မချစ်ဖူးခဲ့တဲ့ အချစ်စစ် အချစ်မှန် နဲ့
ချစ်ခဲ့တာဆိုတာ မင်း သိနိုင်ပါစေ…….
ချစ်သူ…………….
အခုချိန်မှာ မင်း ငါ့ရင်ခွင်ကို
စွန့်ခွာ သွားပေမယ့်
မင်း ပြန်လာမယ့်အချိန်ကို
စောင့်မျှော်ရင်း ငါ့ရဲ့ ရင်ခွင်တံခါးကို
မင်းအတွက်ဆို အမြဲတမ်းဖွင့်ထားပါတယ်………
 ချစ်သူ……….
စိတ်ကူးတွေနဲ့ ရူးနေရတဲ့ ငါ့ဘ၀လေးကို
တစ်ချက်လောက်တော့ လှည့်ကြည့်စေချင်တယ်
အဲဒီအခါကျရင် မင်းကို
ငါ ဘယ်လောက်ချစ်တယ်ဆိုတာ
မင်း နားလည်နိုင်မှာပါ………..
ချစ်သူ………
ငါက ငါ့အတွက်ပဲ ငါပြောတယ်လို့
မင်းထင်ရင် တောင်းပန်ပါတယ်
ချစ်သူအတွက်ဆိုရင်
အရာရာကိုစွန့်လွှတ်နိုင်ပါတယ်
စွန့်ပစ်ခံရတဲ့ ငါ့ဘ၀မှာပဲ
ငါနေနိုင်အောင် ကြိုးစားပါ့မယ်
ချစ်သူ….
 ဝေါဟာရကြွယ်တဲ့ လောကကြီးမှာ
ရင်ထဲခံစားချက်ကို ဖော်ပြနှိုင်ဖို့
စကားတစ်ခွန်းတောင် မရှာနိုင်ခဲ့တာ
ငါ့အဘိဓာန်ဟာ နုနယ်လွန်းလို့ပါ။
ကျောခိုင်းထားစရာ မလိုပါဘူးကွာ။
မျက်လုံးချင်းတောင် မဆုံချင်တော့ဘူးဆို…..
ငါ…မင်းရဲ့အဝေးမှာနေပေးပါ့မယ်။
ဒါပေမယ်………………………….
မင်းမရှိတဲ့ငါ့ညဟာ…………………
ကြယ်တွေကြွေ…………………….
မိုးသမံတိတ်………………………..
ဆောင်းဒဏ်နဲ့ အိပ်နေရပေမယ့်
ငါမပါတဲ့မင်းညမှာတော့……………
ကြယ်တွေကကြိုးသီ……………….
မိုးသံတွေစည်းချက်ညီလို့………….
ဆောင်းလေအေးနွေးနေမယ်ဆိုရင်..
နောက်ဆုံးအခွင့်အရေး
မင်းအရိပ်တွေခိုးခိုးနမ်းရင်း……….
ငါလေ…….ဘ၀တစ်သက်လုံး……. ကျဆုံးနေပါ့မယ်…ချစ်သူရယ်….

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

excellent.
i like so so much all.
starting from the head & ending to the last.

commentinfo By: ei lay at Sep 3, 2011
Comment #2

really really like both title n poem

commentinfo By: ei lay at Jan 3, 2012
Comment #3

be hna khar khar phat mi hman ko ti dot bu

commentinfo By: ei lay at Mar 3, 2012
Comment #4

😛
😛
😛
😛
😛

commentinfo By: ei lay at Jul 2, 2012
Comment #5

:'(
:'(
:'(

commentinfo By: ei lay at Oct 3, 2012
Comment #6

super like

commentinfo By: ei lay at Feb 12, 2013
Comment #7

my love=my one

commentinfo By: ei lay at Feb 24, 2013
Comment #8

good

commentinfo By: kyawnainglin174 at Feb 24, 2013
Comment #9

(y)Like this so much,

commentinfo By: ငြိမ်းချမ်းကို at Feb 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment