Professional Authors

နှစ်ဦးအပ်ကြောင်း

နှစ်ဦးအပ်ကြောင်း

ရာသီခွင်တပတ်ရွေ့၊
အမြတ်မတွေ့ပါ ပျောက်သုဉ်း၊
နောက်ဆုံးတော့လည်း ဒီအဖြေ။

အချိန်ရထားက၊
အိမ်မက်များကိုချွေ။

တနှစ်ကြွေ၊
အသစ်တွေ ဘယ်မလဲ။

အပြောင်းအလဲဟာ၊
အဟောင်းထဲမှာ ရှာမတွေ့နိုင်ဘူး၊
မြောင်းထဲမှာ ကြာမွေ့နေသမျှ၊
ကမ္ဘာရွေ့တောင် အလင်းဝေဦးမှာလား၊
ရှင်းလေဦး နှစ်ဦးရေ၊
တနှစ်ကူးလေတိုင်း၊
အသစ်အဖူးတွေ တဝေဝေနဲ့၊
ရေမြေမှာ လေပြည်သစ်ကိုတော့၊
မျှော်လင့်ရစ်ဆဲ။ ။
 

နှစ်ဟောင်းကို ဒီကဗျာလေးနဲ့ နှုတ်ဆက်လိုက်ပါတယ် …
နှစ်ဦးမှာတော့ အသစ်အထူးတွေနဲ့ ပျော်နိုင်ကြပါစေလို့ အားလုံးကို ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျား ….

မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ …

ဟယ်ရီ

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

မင်္ဂလာ နှစ်ဦးမှာကဗျာ ကောင်းလေတစ်ပုဒ်ဖတ်ခွင့်ပေးတဲ့အစ်ကိုဟယ်ရီရေ ကျေးဇူးကမ္ဘာပါ….

အော်… မေ့လို့

မင်္ဂလာနှစ်သစ် ပါ အစ်ကိုဟယ်ရီ ပျော်ရွှင်ပါစေ။……….

commentinfo By: နေညို at Jan 1, 2011
Comment #2

မင်္ဂလာနှစ်သစ်ပါပဲ ညီလေးရေ … နှစ်ဦးမှာ အသစ်အထူးတွေ ဝေနိုင်ပါစေဗျား …

commentinfo By: harry at Jan 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment