Professional Authors

အပူအပင် နှစ်ယောက်အကြောင်း

အချိန်တွေကိုနှမျောနေတဲ့မိတ်ဆွေ
အချစ်ကိုကျွန်တော့်ထက်စောစီးစွာတွေ့ရှိခဲ့
အခြေချဖို့စိတ်လော
အဖြေမတွေ့သေးလို့ မောသတဲ့။

ဟောသမှာကျွန်တော်
သူ့အလိုအရ
အရည်မရ အဖတ်မရ
ရင်ဘတ်ရဲ့အကြောင်းတကူးတက စာဖွဲ့သူ။

ကမ်းလိုလို ဟိုမှာဘက်
သူမှားသလား
ကျွန်တော်မှန်သလား?
ဒိဌိမေတံ
တစ်နေ့ချင်းတည်ဆောက်

မိုးကလေးဖွဲဖွဲ လဲ
ဆည်ကောင်းကောင်းမှာ ကန်ကျယ်ရင် ရေပြည့်တာပဲ
သူသူငါငါ ကြိုပြောလို့မရေနိုင်
စိတ်အရှုပ်ခံလို့တော့မဖြစ်

ရတဲ့အချိန်ကလေး ချစ်ချစ်ခြုပ်ခြုပ်

အိပ်ပြီ။   ။

အဲမူး

In: ကဗျာ Posted By: Date: Dec 12, 2010
Comment #1

ဟောသမှာကျွန်တော်
သူ့အလိုအရ
အရည်မရ အဖတ်မရ
ရင်ဘတ်ရဲ့အကြောင်းတကူးတက စာဖွဲ့သူ။
ရတဲ့အချိန်ကလေး ချစ်ချစ်ခြုပ်ခြုပ်

အိပ်ပြီ။ ။

အဲမူးရေ ကောင်းတယ် …။

commentinfo By: နှောင်းလူ at Dec 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment