Professional Authors

ပြီးခဲ့သော ဒီဇင်ဘာ နှစ်ဆယ့်ငါး

င်ပန်ဆင်ဖို့  နင်ကြိုက်တဲ့
ချယ်ရီပန်းကို ကိုယ်ခူးပေးတဲ့
နေ့စွဲလည်း ငါ့ဦးနှောက်ထဲ
ရှိနေတယ်
ပန်းချယ်ရီအလှတွေကြားမှာ
မင်းရဲ့အလှက ပေါ်လွင်နေလေရဲ့။
 
တူတူတွဲလျှောက်ခဲ့ဖူးတဲ့
(ချစ်သူလမ်း)လမ်းကလေးကို
နင်နဲ့အတူ အမြဲတမ်းပေါ့
အတူလျှောက်လှမ်းမယ်လို့
စိတ်ကူးယဉ် အိပ်မက်ဖူးပါရဲ့။

ငါ့ အချစ်တွေကို 
နင်လက်ခံတဲ့နေ့ဟာ 
ငါ အပျော်ရွှင်ဆုံးနေ့ပါ။
တိုက်ဆိုင်မှုတွေရှိခဲ့တဲ့
အဲဒီနေ့စွဲလေးကိုလည်း
ခရစ္စမတ်နေ့နှင့်အတူ
ငါ ထာဝရ မမေ့တော့ဘူး။
 
င်နဲ့ အတူ
နင့်နဲ့ အတူ ပျော်ရွှင်ခဲ့တဲ့
နေ့ရက်များ
အတူဖြတ်သန်းခဲ့ကြတဲ့
ခရစ္စမတ်နေ့လေး
အမှတ်တရနေ့လေးများ
….. မေ့လို့မရတဲ့ အချိန်မိနစ်တွေကိုပေါ့
ပါဆယ်ထုပ် သိမ်းထားလို့ရရင်
မပျက်စီးအောင်သိမ်းထားချင်ရဲ့
အမြဲတမ်း သိမ်းထားချင်ပါတယ်။

င်နဲ့သာဆို
ငါ့နံဘေးနား နင်ရှိနေပြီ ဆိုရင်ပေါ့
ငါ ဘယ်လောက်ပျော်နေပြီလဲ
ငါ ပျော်ရွှင်ပါတယ်
ငါ အမြဲတမ်း ပျော်ရွှင်နိုင်ပါတယ်
ငါ ထာဝရ ပျော်ရွှင်နိုင်မယ်လို့
ယုံကြည်မိပါရဲ့။

ပြင်မှာ ဆောင်းလေညင်းတွေ
တိုက်ခတ်လာတိုင်း အေးခနဲရှိတယ်
ငါ့ရင်ထဲမှာ နင့်ရယ်သံလေးတွေ
နင့်အပြုံးလေးတွေ၊ နင့်အကြည့်မျက်ဝန်းလေးတွေ
တိုက်ခတ်ဝင်လာတိုင်း
ငါ့ရင်ခွင်
ငါ့စိတ်
ငါ့ဘဝ
အေးခနဲရှိ
အေးမြစေလေရဲ့။ 

စ်ခဏတာ အတွက်မဟုတ်
တစ်ဘ၀လုံးအတွက်
ရည်စူးကာ
မင်းကို ကိုယ်ချစ်ခဲ့မိတာမို့
လွယ်လွယ်နဲ့ ငါတို့
မခွဲကြေးပေါ့
အသိုင်းအ၀ိုင်းများကြား
ပတ်ဝန်းကျင်က တို့ကို သွေးခွဲကြမယ်
ငါ့တို့ချစ်ခြင်း
ပိုချစ်ပြ
င့ါတို့ ရင်ခွင်ခြင်း
ပိုနီးစပ်ကြစို့။
 
ါ့ရင်ခွင်ထဲ
နင်မှီရင်း နင်ပြောခဲ့တဲ့
စကားလုံးတိုင်း  ငါနားထဲ
ကြားယောင်နေတယ်
ငါ အမြဲမှတ်မိနေတယ်။

 

In: ကဗျာ Posted By: Date: Jan 4, 2012
Comment #1

ကဗျာက နည်းနည်းရှည်တယ်နော်………။ဒါပေမယ့် ကဗျာလေးက စာသားကစပြီး သုံးထားတဲ့ အသုံးအနှုန်း အထိ ကောင်းတယ်……။

commentinfo By: ngetnge at Jan 4, 2012
Comment #2

အင်း…
အားပေးသွားပါတယ်ဗျာ …
ဒါလေးဖတ်လိုက်ရတော့
ဟိုတုန်းကအကြောင်းလေးတွေ
သတိရမိတယ်

commentinfo By: ရွှေကြယ်မိုး at Jan 4, 2012
Comment #3

oh,,,,,,,,,
i m envious of u.
really perfect.
good attitude & hard decision with simple love & pure heart.

commentinfo By: ei lay at Jan 4, 2012
Comment #4

် အားလုံးကိုကျေးဇူးပါ။

commentinfo By: gadounlay at Jan 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment