Professional Authors

ကျောင်းတော်က အကြွေး

နှစ်တွေကုန်ဆုံးလို့ တက္ကသိုလ်
စာမေးပွဲတွေလည်း ဖြေဆိုလိုက်တဲ့
နောက်ဆုံးနေ့ရက်တွေမှာ အပျော်ဆုံးလို့
ထင်ထားခဲ့တဲ့ အရာတွေက
ရင်ခွင်မှာ သောင်းပြောင်းတိုက်ခိုက်
နှလုံးသားရဲ့ ပူလောင်ခြင်းတွေဖြစ်ခဲ့လို့
အခုတော့ လွမ်းရိပ်တငွေ့ငွေ့နဲ့
မျက်ဝန်းအိမ်က မျက်ရည်မိုးတွေ
ရွာသွန်းဖြိုးတဲ့ နေ့ရက်တွေလား……။

ဟိုတုန်းက မသိခဲ့တဲ့
အရာတွေက အခုတော့
ပုံရိပ်လို တရိပ်ရိပ်လိုက်ရင်း
ကိုယ့်အရိပ်တွေတောင် ကိုယ်ကြောက်မိ
မထင်မှတ်တဲ့ အမှတ်တရက
တက္ကသိုလ်မှာ အထင်ကရဖြစ်ခဲ့
အဲဒီနေ့ရက်တွေက တက္ကသိုလ်သမိုင်းထဲမှာ
အရည်ပျော်ရင်း ချစ်ဇာတ်ကောင်ဖြစ်လို့
ထင်ကျန်ခဲ့တဲ့ နေ့ရက်တွေက
လမ်းခွဲခြင်း အဓိပ္ပာယ်တွေနဲ့
စင်တင် ဇာတ်ဝင်ခန်းဖြစ်ခဲ့ပြီလေ…..။

အတိက်ကျောင်းတော်ကြီးရဲ့ အရိပ်တွေက
အိုဟောင်းမသွားသေးတဲ့ နေ့ရက်တွေနဲ့
စောင့်မျှော်နေရင်း အမှတ်တမဲ့
အလည်တခေါက် ရောက်ပြန်ခဲ့
နှစ်မဆွေးသေးတဲ့ ပျော်ရွှင်မှုတွေက
ဒီရင်ခွင်ကို လာရိုက်ခတ်ရင်း
ထိတွေ့ခဲ့တဲ့ အချစ်အသစ်တခုက
မျှော်လင့်ခြင်း ကမ်းခြေမှာ
ဗေဒါပင်လို စီးမျောသွားခဲ့
ပြန်ရလိုက်တဲ့ အရိပ်တစ်ခုက
လွမ်းဆွတ်ခြင်း အထီးကျန်ခြင်းတဲ့လား…။

အချိန်ကာလတွေ ကုန်ဆုံးသွားတဲ့
ဒီလိုနေ့ရက်တွေထဲ အတိက်မြေ
တက္ကသိုလ်လေးကို တမ်းတ…
ဆွေးရ  လွမ်းနေရဆဲမို့
သတိရတိုင်း ရင်လှိုင်းခတ်ဝေ
မကြင်ရက်သူ သူ့စကားတွေက
ရင်နာလျက်နဲ့ အချစ်ဆူးတွေဖြစ်
နှလုံးသားမှာ အကြွေးတင်ခဲ့ပြီလေ….။

ကျောင်းတော်က အကြွေးရှိခဲ့ဖူးတဲ့
တာဝန်တစ်ခု ကျေပွန်စွာထမ်းဆောင်ရင်း
ဒီနေရာလေးကို တစ်ခေါက်ပြန်ရောက်ခဲ့
အတိက်က မသေခြာတဲ့ ဒီနေ့ရက်မှာ
ဆုံဆည်းဖို့ ကတိပြုခဲ့တဲ့
တောင်းဆုတွေက မပြည့်ဝတဲ့
ဖြစ်ရပ်ဆန်းတွေနဲ့ အထီးကျန်ဆွေးရင်း
အခုထိတော့ စောင့်မျှော်နေဆဲပါ…..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 9, 2011
Comment #1

အားပေးသွားတယ်ဗျို့…

commentinfo By: အသဲကွဲမိုး at Dec 9, 2011
Comment #2

ကျေးဇူးတင်ပါတယ်… အသဲကွဲမိုးရေ……….

Leave Comments

Name*

Email*
Website
Email me whenever there is new comment