ကြယ်ကြွေဆုတောင်း
ကြယ်တွေကြွေတာကိုဘဲ
ငါထိုင်ကြည့်နေရတယ်
နင်မမြင်နိုင်တဲ့ချောင်တချောင်မှာ
ငါမျက်ရည်တွေ သုတ်ရင်း
တရှူံ့ရှူံ့နဲ့ ငါငိုနေတာ
ဆုတောင်းဖို့တောင်
မေ့သွားတယ်
ငါ့အတွက်တော့
အချစ်က လင်းလက်နေတဲ့
ကြယ်လေးတွေလိုဘဲ
လှမ်းယူလို့ မရအောင်
ဝေးနေတယှ်ု
ကြည့်ရင်းနဲ့ပဲ
နောက်တလုံး ကြွေသွားတယ်
ှုငါလည်း ဆုတောင်းလိုက်တယ်
ကြယ်လေးတစ်လုံးဖြစ်ပါရစေ………လို့
အဲဒါမှ ငါကြွေပြလို့ရမှာလေ…………………
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
ကြယ်တွေကြွေတာကိုဘဲ
ငါထိုင်ကြည့်နေရတယ်
နင်မမြင်နိုင်တဲ့ချောင်တချောင်မှာ
ငါမျက်ရည်တွေ သုတ်ရင်း
တရှူံ့ရှူံ့နဲ့ ငါငိုနေတာ
ဆုတောင်းဖို့တောင်
မေ့သွားတယ်