Professional Authors

ဆုတောင်း

ဆုတောင်း

ကြယ်လေးတစ်ပွင့် (ကိုယ်မသိတဲ့)
ကြွေကျသွားတယ်။
သမုဒ္ဒရာ အစင်းစင်းမက
အဝေးဆုံနဲ့ အမြင့်ဆုံးကို ပျံသန်း
အလင်းနှစ် သန်းပေါင်းများစွာအရှိန်နဲ့
ဟင်းလင်းမဲ့ ကောင်းကင်မှာ မောင်းနှင်
ထွက်ခွာခဲ့တဲ့ ကမ္ဘာမှာ
အတိတ်ကို နောက်မှာ ချန်ထားခဲ့။
ရူးသွယ်မှုတွေနဲ့
ကြယ်လေးတစ်ပွင့်ကို
ကြည်ကြည်စင်စင်လေး ခူးဆွတ်ချင်တယ်။
-ဝေးကွာနေတုန်းက ပြက်ပြက်ထင်ထင်
အိပ်မက်တွေ နီးပါမှ
အရာရာက ဝေေ၀၀ါးဝါးရယ်
ပြိုဆင်းလာတဲ့ သေချာမှု တစ်ခုမှာ
ကြယ်လေးတွေ မကြွေကျစေချင်ဘူး။
ဒါပေမယ့်……..
ဆန္ဒအားလုံး အမှန်ဖြစ်လာဖို့
ကောင်းကင်မှာလည်း သတ်မှတ်ချက် မရှိဘူး…..။

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

။ဒါပေမယ့်……..
ဆန္ဒအားလုံး အမှန်ဖြစ်လာဖို့
ကောင်းကင်မှာလည်း သတ်မှတ်ချက် မရှိဘူး…..။

commentinfo By: chityellusoelay at Aug 18, 2011
Comment #2

nice

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment