ကြယ်ကြွေဆုတောင်း
မှောင်မိုက်တဲ့ ငါ့ကမ္ဘာ
အလင်းရောင်လာပေးလှည့်ပါ နတ်သမီး။
ငါ့ရဲ့အသံလည်းနင်မကြား
မှုန်ပျပျ ဟိုးအဝေးက နင့်ရဲ့အလင်း
မြင်ရရုံနဲ့ ငါကျေနပ်ခဲ့ပါတယ်။
နင့်ရဲ့ပျော်ရွှင်စရာတွေ၊ နာကျင်စရာတွေ
ငါဝေမျှ ပေးချင်ခဲ့။
နင်ကတော့
ငါ့ရဲ့ဘ၀ကို ယောင်လို့တောင်
လှည့်မကြည့်တော့ဘူးလား။
မျှော်လင့်နေပါတယ် ဆိုတဲ့စကားတစ်ခွန်း
ငါ မပြောပါဘူး။
ငါက…
မျှော်လင့်ခွင့်လေးတောင်မရှိတဲ့သူပါ။
ဒါပေမဲ့
မျှော်ကြည့်ခွင့်လေးတော့ ပေးပါ။
ဒီလိုဆို…
ကြယ်ကြွေတိုင်း ငါဆုတောင်းနေမိမယ်
အဲဒီ့ ကြွေတဲ့ကြယ်
နင်မဖြစ်ပါစေနဲ့ပေါ့။
သင့်ချစ်သူ
Comment #3
ခံစားအားပေးသွားပါတယ်ဗျာ..။
By: poem.poem28 at Feb 3, 2012
Comment #6
ကဗျာအဆုံးနားလေး သူတော့မသိဘူးဗျ
ကဗျာဖတ်လိုက်တဲ့ကျွန်တော်တော့ နင့်နေအောင်ခံစားရတယ်
အရေးအသားက တကယ်ကိုလက်ကုန်တင်ထားတာဘဲ တကယ်မိုက်တယ်ဗျာ အားပေးသွားတယ် ။
By: X - ray at Feb 9, 2012
Comment #7
looking sky,,finding stars,,missing alot,
huhhhhhhhhhhhh
By: ei lay at May 17, 2012
Comment #8
မှောင်မိုက်တဲ့ ငါ့ကမ္ဘာ
အလင်းရောင်လာပေးလှည့်ပါ နတ်သမီး။
ငါ့ရဲ့အသံလည်းနင်မကြား
မှုန်ပျပျ ဟိုးအဝေးက နင့်ရဲ့အလင်း
မြင်ရရုံနဲ့ ငါကျေနပ်ခဲ့ပါတယ်။
နင့်ရဲ့ပျော်ရွှင်စရာတွေ၊ နာကျင်စရာတွေ
ငါဝေမျှ ပေးချင်ခဲ့။
နင်ကတော့
ငါ့ရဲ့ဘ၀ကို ယောင်လို့တောင်
လှည့်မကြည့်တော့ဘူးလား။
မျှော်လင့်နေပါတယ် ဆိုတဲ့စကားတစ်ခွန်း
ငါ မပြောပါဘူး။
ငါက…
မျှော်လင့်ခွင့်လေးတောင်မရှိတဲ့သူပါ။
ဒါပေမဲ့
မျှော်ကြည့်ခွင့်လေးတော့ ပေးပါ။
By: ei lay at Jan 13, 2014




Comment #1
hin,,,bar sine loh le?
lu tine hmar koh yone kyi chat ne kou pe,,koh sone phyat chat ne kou pe,,
kou bar tar kou lut lat swar u tut paing kwint shi de,,
kou a tway ko kou sate ku paing kwint shi de,,
don’t give up,,
don’t feel depress,,,
don’t feel nervous,,,