Professional Authors

ကြယ်ကြွေသောက်ရင် လွမ်းတာပျောက်တယ်

ကြယ်တွေတောင်စုံနေပြီ
ပျော်နေလိုက်ကြတာ
ကောင်းကင်ကြီးတစ်ခုလုံးလင်းလက်လို့
ပျော်နိုင်သူတွေပျော်နေချိန်
ငါ့ဘေးမှာဂစ်တာအိုလေးပဲ အဖော်ရှိတယ်

ဆေးပေါင်းခတဲ့ညဆို…
ငါလွမ်းနေတာသက်သာအောင်
ဆေးတစ်ခွက်လောက်ဖော်ပေးမယ့်သူ
ခုထိပေါ်မလာသေးပါလား……..

ချစ်ခွင့်မရှိတဲ့ဘ၀မှာ
တစ်ဖတ်သတ်လွမ်းရတဲ့ဝေဒနာ
ဘယ်လောက်ခံရခက်တယ်ဆိုတာ
ကြွေသွားတဲ့ကြယ်လေးတွေကိုမေးကြည့်ပါလား……

ဖြစ်နိုင်မယ်ဆိုပြောပြချင်တယ်
ငါဘယ်လောက်လွမ်းလဲဆိုတာပေါ့
နင်ကမသိသလိုနေနေမှတော့
မပြောတော့ပါဘူး……….
ကြယ်ကြွေတွေလိုက်ကောက်ပြီး
ကော်ဖီထဲထည့်သောက်လိုက်တော့မယ်
ငါ့အလွမ်းတွေများပျောက်သွားမလားလို့လေ………..။ ။

In: ကဗျာ Posted By: Date: Nov 2, 2010
Comment #1

ရွတ်လို့ကောင်းတဲ့ကဗျာ

commentinfo By: Za TaGwel at Nov 2, 2010
Comment #2

ကဗျာလေးကောင်းပါတယ်….

commentinfo By: moehtetaung18 at Nov 2, 2010
Comment #3

ဟုတ် ရမယ်ခင်ဗျ
လောလောဆယ်တော့ကြယ်ကြွေလေးတွေကောက်ထားတာ
မလောက်သေးဘူးဖြစ်နေလို့…

commentinfo By: ဒဿ at Nov 3, 2010
Comment #4

ဖြစ်နိုင်မယ်ဆိုပြောပြချင်တယ်
ငါဘယ်လောက်လွမ်းလဲဆိုတာပေါ့
နင်ကမသိသလိုနေနေမှတော့
မပြောတော့ပါဘူး……….
ကြယ်ကြွေတွေလိုက်ကောက်ပြီး
ကော်ဖီထဲထည့်သောက်လိုက်တော့မယ်
ငါ့အလွမ်းတွေများပျောက်သွားမလားလို့လေ………..။ ။
မိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 6, 2011
Comment #5

aww,,,
lwe lwe lay,,,
thu ka ma ti chin htaung htaung nay yin ti aung loak ya hmar koh duty pe lay,,
be pyay loh lut hmar le?
kou ko tine da ke lo chin yin da ke kyoe sar pop…yout kyar pe har.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment