Professional Authors

နင့် အတွက် ငါ့ရဲ့ သစ္စာ……… ( နှောင်းလူ )

 

ကိုင်ဆောင်ထားတာ လက်တဆုတ်စာ

သစ္စာတရား ခပ်ပါးပါးရယ်ပါ…….

ဘာလို  အသုံးချချင်ရတာလဲ

ဆုံးရူံးမှုကို ထွေးပိုက်ရင်း  ရင်နာစွာနဲ့ 

ဆုတ်ခွာရှောင်ပုန်းလို  သတိရခြင်းကို

သယ်ဆောင်ပြီး  အလွမ်းတွေ တနင့်တပိုးနဲ့ 

ခါးသီးရင်နင့်စွာ အထီးကျန်နေလေရဲ့

ရရှိလိုက်တဲ့ ဒဏ်ရာက တသက်စာ

အမှတ်ရဖို့  ရက်စက်စွာ လုပ်၇က်လေသလား

နှုတ်ခမ်းပါးရဲ့ အပြုံးမှာ သက်ဆင်းခိုဝင်မိတဲ့

မေတ္တာတရားမှာ ဘယ်လို အရောင်စွန်းထင်းခဲ့လည်း

သံယောဇဉ် အကြွင်းအကျန်နဲ့  ရင်နာအောင်လုပ်ရက်သူရေ

ထားခဲဖူးတဲ့ ကတိတွေ  ရေမျောကမ်းတင်လောက်တောင်

မခိုင်မြဲခဲ့ဘူး အရာရာကို ဥုပက္ခာပြုနိုင်ပေမဲ့ 

နင်ရဲ့ စွန့် ခွာမှုကိုတော့ ငါ မယုံကြည်နိုင်သေးဘူး……

တကယ်ပါ ရိုးသားဖြူစင်စွာနဲ့  ချစ်ခဲ့တာပါ

တန်ကြေးရဲ့ ဆုံးဖြတ်မှုတွေကြားထဲမှာ

နင့် ရဲ့ ငါ့  အတွက်ခဏတာ တွေဝေမှုနဲ့ တင်

ငါ ကျေနပ်လို  နောက်ဆုတ်လိုက်ပါပြီ

သစ္စာတရားကို ရင်ဝယ်ပိုက်လို

နေရက်တွေမှာ ကြေကွဲနာကျင်မှုတွေနဲ့ 

နင့် အတွက် သစ္စာတရားကို ငါ သိမ်းထားပါတယ်……………

In: ကဗျာ Posted By: Date: Dec 30, 2010
Comment #1

ငါ ကျေနပ်လို နောက်ဆုတ်လိုက်ပါပြီ
သစ္စာတရားကို ရင်ဝယ်ပိုက်လို
နေရက်တွေမှာ ကြေကွဲနာကျင်မှုတွေနဲ့ 
နင့် အတွက် သစ္စာတရားကို ငါ သိမ်းထားပါတယ်…………… အဟင့်… ကောင်းတယ်… 🙂

commentinfo By: moezat at Dec 30, 2010
Comment #2

အဟား ဟုတ်ကဲ့ အဟင့်က ဘာဖြစ်တာလည်းဟင် ကိုမိုးဇတ်
ကျေးဇူးနော် အားပေးဖတ်ရူသွားလို့ ……….

commentinfo By: နှောင်းလူ at Dec 30, 2010
Comment #3

ကိုမိုးဇက်ကြည့်လိုက်ရင် အမြဲလွမ်းနေတာပဲနော် နှောင်းလူ။

commentinfo By: moehtetaung18 at Dec 30, 2010
Comment #4

ငါ ကျေနပ်လို နောက်ဆုတ်လိုက်ပါပြီ

သစ္စာတရားကို ရင်ဝယ်ပိုက်လို

နေရက်တွေမှာ ကြေကွဲနာကျင်မှုတွေနဲ့ 
ကိုနှောင်းလူ ကောင်းတယ် အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 31, 2010
Comment #5

wow,,,,,,,,

commentinfo By: ei lay at Jan 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment