Professional Authors

နင် = ကဗျာ (“နင့် အကြောင်း ရေးတဲ့ ကဗျာတွေ”)

ဘာရယ်ညာရယ် မဟုတ်ခဲ့ပါဘူး
ချစ်ခဲ့မိရုံ သက်သက်ပါပဲ
နှစ်ဦးသား နာကျင်ရမှာမို့
သိုဝှက်ရင်း ပြိုပျက်ခဲ့ရသူပါ။

အခုတော့…..
နင့် အကြောင်း ငါ့ကဗျာတွေ
Facebook မှာတောင်
ထင်သာစွာ ပြန့်ကျဲလို့
နေပြီပေါ့။

ဒဏ်ရာတွေ ချပြရလွန်းလို့
ရင်ဘက်ကြီးတောင် ထုံနေပြီ
ဒါကို…
Poemscorner က
ဘော်ဒါတွေတောင်
သိကုန်ကြပြီ ထင်ပါရဲ့
ဒါပေမယ့်….
နင် မသိအောင်
လျှို့ဝှက်လို့ တိုးတိတ်စွာ
နင့် အကြောင်း လွမ်းကဗျာတွေ
ငါ ဆက်ရေးပါရစေနော်။

Demon

In: ကဗျာ Posted By: Date: Jan 28, 2012
Comment #1

ကောင်းတယ်ဗျာ…….

commentinfo By: moehtetaung18 at Jan 28, 2012
Comment #2

ဆက်ရေးပါ…အရမ်းလည်းကောင်းပါတယ်
အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jan 28, 2012
Comment #3

ဟုတ်တယ်ဗျ..ဆက်ရေး…
ဘယ်သူ သိသိ..သူမသိရင်ပြီးတာပဲ..ဟဲဟဲ

commentinfo By: poem.poem28 at Jan 28, 2012
Comment #4

nice ,,,
nice ,,,
nice ,,,
sate chan tar ta lo loak par,,,
ya ke hla de lu ba wa to to lay hmar pyaw shwin swar nay htine par,,
sate chan myae me so p yaw,,

commentinfo By: ei lay at Jan 28, 2012
Comment #5

အရမ်းကောင်းတယ်ဗျာ

commentinfo By: yaewintaung at Jan 28, 2012
Comment #6

ဒဏ်ရာတွေ ချပြရလွန်းလို့
ရင်ဘက်ကြီးတောင် ထုံနေပြီ
ဒါကို…
Poemscorner က
ဘော်ဒါတွေတောင်
သိကုန်ကြပြီ ထင်ပါရဲ့
ဒါပေမယ့်….
နင် မသိအောင်
လျှို့ဝှက်လို့ တိုးတိတ်စွာ
နင့် အကြောင်း လွမ်းကဗျာတွေ
ငါ ဆက်ရေးပါရစေနော်။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 28, 2012
Comment #7

တိုက်ဆိုင်လိုက်တာရှင် Facebook မှာတောင်
ထင်သာစွာ ပြန့်ကျဲလို့
နေပြီ တဲ့…

ဟိဟိ နာ နိုတောင်နိုချင်လာပီးးးး ဝါးဝါးးးးးးးး

commentinfo By: Lwan Nge Lay at Jan 29, 2012
Comment #8

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဒီ ကဗျာ အတွက် ကျွန်တော် လိပ်ပြာ မလုံဘူးဗျ ဘာလို့လဲဆိုတော့ ပြောရရင်တော့ မကောင်းဘူးဗျ ဒီကဗျာက ပြီးခဲ့တဲ့အပတ် Pretest စာမေးပွဲနောက်ဆုံးနေ့ စာမေးပွဲခန်းထဲ ဘာမှဖြေစရာ မကျန်တော့တဲ့ အချိန်မှာ ဘုရင်ထိုင် ထိုင်ရင်း ဟိုငေး ဒီငေး (ငေးတာကတော့ ကောင်မလေးတွေကိုပါ) ဟိုစဉ်းစား ဒီစဉ်းစားရင် ရေးဖြစ်သွားတဲ့ ကဗျာတစ်ပုဒ်ပါ ဒီတစ်ခါပဲ စာမေးပွဲခန်းထဲ ရေးရဖူးတာမို့လို့လဲ မှတ်မှတ်ရရ ဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်လိုတော့ စာမေးပွဲခန်းထဲ မရေးကြပါနဲ့ဗျာ 😀

commentinfo By: Demon at Feb 5, 2012
Comment #9

kwi,,kwi,,
lol,,

commentinfo By: ei lay at Feb 5, 2012
Comment #10

မအိလေး Gtalk add ရှိရင် ပြောပြပါလား သယ်ရင်းတွေ အမြင် ဖလှယ်စရာရှိရင် ဖလှယ်ရအောင်လို့ 🙂

commentinfo By: Demon at Feb 5, 2012
Comment #11

sorry,demon.
i haven’t used it for long long time.
coz he dislike.

commentinfo By: ei lay at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment