Professional Authors

* နင့် *

ဝေးကြရမယ့်အကြောင်းတွေကို

ရှိက်သံသဲ့သဲ့လေးနဲ့ နင်ပြောတဲ့အခါ

ငါ့အနာဂတ်လေးမှေးမှိန်ခဲ့ရတယ်

ရောင်နီမလာခင် နေ၀င်တော့မယ့်

အကြောင်းကိုထိုင်စဉ်းစား

ငါတကယ်ရင် နင့် ခဲ့ရပါတယ်

မြင်နိုင်ခွင့်မပြောနဲ့ဆုံခွင့်လေးတောင်

ဒီတစ်သက်မှာစည်းခြားထားတော့

ငါတကယ်ရင်နာ နေရပါတယ်

နာကျင်စွာနဲ့ဝေးကွာရခြင်း

အကြောင်းတရားတွေမှာ

နင့်အနာဂတ်လေးလှပစေနိုင်ဖို့ဆိုရင်

ငါတကယ်ရင် ကွဲခံရဲပါတယ်

နာကျင်စွာခြေတစ်လှမ်းရွေ့တိုင်း

ရင် နင့် ခဲ့သူမှာ

ဒဏ်ရာတွေကင်းတဲ့တနေ့ကို

စောင့်မျှော်လို့

မခေါ်ဘဲရောက်လာမယ့်အလွမ်းတွေ

တနင့်တပိုးအတွက်

ခံနိုင်ရည်တောင်ရှိပါ့မလား??

 

                                              မာန်ခက်ဝင့်

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

နာကျင်စွာနဲ့ဝေးကွာရခြင်း

အကြောင်းတရားတွေမှာ

နင့်အနာဂတ်လေးလှပစေနိုင်ဖို့ဆိုရင်

ငါတကယ်ရင် ကွဲခံရဲပါတယ်

commentinfo By: maypyo22889 at Nov 29, 2012
Comment #2

Oh,,,
So much love.
🙂

commentinfo By: ei lay at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment