–
နင်ပြောတဲ့ ပုံပြင်တွေနဲ့
ငါ့ချစ်ခြင်းက ကြီးပြင်းခဲ့တာပါ။…..
ထပ်ပြောပါဦး အိပ်ရာဝင်ပုံပြင်တစ်ပုဒ်
နင့်နှလုံးသား လောင်းရိပ်အောက်မှာ
ငါ…အိပ်မက် မက်နေဆဲမို့ပါ။…
တစ်ဖက်သတ် အမြင် (ဒါမှမဟုတ်) အမှားပေါ့
နင်… ထင်ချင်သလိုထင်ပါ..
ဒီအကြောင်းအရာတွေတော့
တင်ပြခွင့်ပေးပါ။
ငါ့ကို အလေးမထားခဲ့ရင်တောင်မှ
ငါ့အချစ်ကိုတော့ လေးစားပေးပါ။…
ထားရာနေ စေရာသွားနဲ့..ငါ..
အချစ် သူတောင်းစားပဲ သတ်မှတ်ထားပေါ့။…
သနားတတ်တာလား အားနာတာလားတော့
မရေရာဘူး…
အသေချာဆုံး ဖြစ်စဉ်ကတော့
နင်..မချစ်ချင်ရင်လဲ ပြောပေါ့။..
အကြောင်းမဲ့ ခေါင်းစဉ်နဲ့ ဝေဖန်ရေးအမြင်
မဟုတ်ခဲ့တာ အသေချာပါ။…
ဖြစ်ခြင်းနဲ့ မဖြစ်ခြင်း တစ်ခုခုတော့ပြောခဲ့
ငါတစ်ယောက်တည်း
သေသေချာချာ ကြေကွဲနေချင်တယ်။
ဘ၀ဆိုတာကို နင့်အတွက်ပြန်စခဲ့တဲ့…ငါ။
အချစ်ဆိုတာကို နင့်အတွက် ရှင်သန်ခဲ့တဲ့…ငါ။
နင်မယုံတဲ့ ထင်မြင်ချက်တွေ များတဲ့…ငါ။
နင့်အတွက် နားခါးမယ်ဆိုရင်
အဲဒီစကားတွေ ထားလိုက်ပါတော့။
ကိုယ်တိုင်ရေးတဲ့ နင့်သမိုင်းကြောင်းမှာ
ရီစရာတွေ ပြောဖြစ်ကြရင်…
ငါ့အကြောင်းကိုသာ ယူသုံးလိုက်ပါ။
နင့်အတွက် ရှင်သန်ခဲ့တဲ့…
နင့်လက်နဲ့ ဘ၀ပျက်ခဲ့သူလို့ပေါ့…
သေချာတယ်…တစ်သက်လုံး အပြစ်မမြင်ဘူး
ငါချစ်ခဲ့ဖူးတာ…နင်တစ်ယောက်တည်းမို့လေ။
Comment #3
ငါ့ကို အလေးမထားခဲ့ရင်တောင်မှ
ငါ့အချစ်ကိုတော့ လေးစားပေးပါ။…
ထားရာနေ စေရာသွားနဲ့..ငါ..
အချစ် သူတောင်းစားပဲ သတ်မှတ်ထားပေါ့။…
ကိုယ်တိုင်ရေးတဲ့ နင့်သမိုင်းကြောင်းမှာ
ရီစရာတွေ ပြောဖြစ်ကြရင်…
ငါ့အကြောင်းကိုသာ ယူသုံးလိုက်ပါ။
နင့်အတွက် ရှင်သန်ခဲ့တဲ့…သူငါ့ကို
သေချာတယ်…တစ်သက်လုံး အပြစ်မမြင်ဘူး
ငါချစ်ခဲ့ဖူးတာ…နင်တစ်ယောက်တည်းမို့လေ။
…………………..
……………………i like this poem
By: အသဲကွဲမိုး at Jan 26, 2011
Comment #4
ငါ့ကို အလေးမထားခဲ့ရင်တောင်မှ
ငါ့အချစ်ကိုတော့ လေးစားပေးပါ။…
ထားရာနေ စေရာသွားနဲ့..ငါ..
အချစ် သူတောင်းစားပဲ သတ်မှတ်ထားပေါ့။…
သနားတတ်တာလား အားနာတာလားတော့
မရေရာဘူး…
အသေချာဆုံး ဖြစ်စဉ်ကတော့
နင်..မချစ်ချင်ရင်လဲ ပြောပေါ့။.
a yan mite tal……sagar lone twae ka yin bat ko lar mhan tal..good…
By: suu sha at Mar 17, 2011
Comment #5
သေချာတယ်…တစ်သက်လုံး အပြစ်မမြင်ဘူး
ငါချစ်ခဲ့ဖူးတာ…နင်တစ်ယောက်တည်းမို့လေ။
By: genius.jinx28 at Mar 20, 2011
Comment #6
ကြိုက်လို့ ရှယ်သွားတယ်နော် … ခရက်ဒစ်ပေးထားပါတယ် .. 🙂
https://www.facebook.com/note.php?note_id=304623222903777
By: ငယ်လေး at Dec 12, 2011




Comment #1
သေချာတယ်…တစ်သက်လုံး အပြစ်မမြင်ဘူး
ငါချစ်ခဲ့ဖူးတာ…နင်တစ်ယောက်တည်းမို့လေ။
ကောင်းတယ် အားပေးတယ် ။ နမည်ပြောပါလား abcd