Professional Authors

နိုင်ငံခြားလောကမှ ရွှေအစစ်မဟုတ်တဲ့ ကော်ထည်များ – နရီထက်

အချင်းချင်းမို့ ရွှေအစစ်လို့ မထင်စေချင်
မြင်စနဲ့ ကြင်စမရခဲ့ကြ ရွှေမြန်မာများ
တစ်ဦးကို တစ်ဦး အပြုံးတုနဲ့
ဟန်ဆောင်လက်ကလေးတွေက
မ၀ံ့မရဲ နှုတ်ဆက်ရှာလေးတယ်…
မြန်မာလားတဲ့….

ရေလိုက် ငါးလိုက် နေလိုက်ကြတဲ့ သူတို့ဘဝ
မျောလိုက် တင်လိုက် ရှောင်ကွေ့ပတ်ဝှေ့ခဲ့ကြတယ်
ဇာတ်တူသားမို့ အလျော့မပေးချင်ဘူး
အချင်းချင်းမို့ အသားလှီး၇တာ လွယ်လို့ပါ

နိုင်ရကိုစား သူဌေးများကို အလိမ်နည်းပညာ
ဘယ်သူတွေက သင်ပေးခဲ့လား…
သူများမျက်ရည် ကျအောင် ဘယ်သူတွေက သင်ပေးခဲ့လား
ဒုက္ခကြီးမျှ မမျှပင်လယ် မလွတ်ရုန်းအောင်
လုပ်တတ်ခဲ့တာ ဘယ်သူတွေက သင်ပေးခဲ့လား
အောက်တန်းစားလို့ မပြောလို
အောက်ကျနေတဲ့ စိတ်ဓါတ်တွေနှင့်
အချင်းချင်းကို လည်စင်းလှီးမဲ့
ကော်ထည်တွေပေါ့….

ငါးခုံးမ တစ်ကောင် တစ်လှေလုံးကို ပုပ်ခဲ့လေးတော့
ခပ်ပြင်းပြင်းပဲ ရှုနေကြတယ်…
အရှက်ကို ဘေးဖယ် သိက္ခာတွေ ရောင်းစားပစ်ရစ်တယ်
ဈေးပန်းတင်ခဲ့ကြ ကော်ထည်များ…
မြန်မာမဟုတ် ပါလို့ ငြင်းတတ်ခဲ့ကြပြီး
နိုင်ငံခြားဇာတ်ခုံပေါ်မှာ ဆေးရောင်တွေ ခြယ်သလာပြီး

ပြောတော့ တစ်မျိုး လုပ်တော့ တစ်လွဲ
ပါးစပ်ကို ရွှေကွပ်ရမဲ့ အေဂျင့် အတုတွေနဲ့ ပွဲစားတွေရယ်
အလကားရလို့  အမြတ်ထုတ်နေကြသလား
မရှိရှာသူတွေရဲ့ အရိုးထဲက အသားကိုမှ
ဖဲ့ယူလုယက်နေကြတယ်…
မမျှတတဲ့ ဘ၀ကစားပွဲတွေ…
အချင်းချင်းမို့ လုပ်ရက်လေးတယ်

ဟေ့. .. နင်လားဟဲ့ မြန်မာ
တို့လည်း… မြန်မာ
ဝေး… ဝေး … ဝေး ရှောင်ကွဲ့
စိတ်ဝမ်းတွေကွဲ တိုးတက်မှုကို အတင်းပိုက်
အချင်းအချင်းကို နင်းပြားချေတယ်
ငါသည်သာ အကောင်းဆုံး…
မျက်စောင်းတွေ ခဲခဲ့ကြတယ်
မနည်းလှတဲ့ အလိမ်ပွဲတွေ
ရပ် ရပ် ရပ် မနေတာ့ပါ…
ကော်ထည်တွေရယ်

ကိုယ်အချင်းချင်းတောင် အထင်သေးနေရင်
တိုင်းတစ်ပါးတွေက ငါတို့တွေကို
အထင်မကြီးတာ မဆန်းပါ
သူတို့တွေတောင် ပြောတက်လာပြီး
အလကား ကော်ထည်တွေတဲ့…
ဘယ်သူမှ မမြှင့်တင်ပေးနိုင်တဲ့ ကိုယ်ကျင့်တရား
ကိုယ့်တန်ဘိုးကို ကိုယ်တိုင်သာ မြှင့်လိုက်လိုက်ပါ
ကော်ထည်တွေရယ်…။    ။

နရီထက်
( ၂၉ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 29, 2010
Comment #1

အဲလိုတော့ ပြစ်ပြစ်နှစ်နှစ်ကြီးပြောနဲ့လေဗျာ ……… ကောင်းတဲ့သူတွေလည်း ရှိပါသေးတယ်ဗျ…………. မှားတော့ မမှားပါဘူး ဒင်းတို့ကလည်း ပြောချင်စရာတွေပါပဲ ……………….ဒါပေါ့ဗျာ မှန်တယ် မှားတယ် ဆိုတာ……….

Comment #2

မပြောပါဘူးဗျာ… ဆိုးတဲ့ သူကိုပဲ ပြောတာ… သူတို့ကြောင့် ဘ၀ပျက်သွားတဲ့ သူတွေ… ဒုက္ခရောက်ကြသူတွေ မနည်းဘူးဗျာ့…. အဆိုးတွေကြားမှာ အကောင်းတွေက ရှိပါတယ်… ယုံကြည်ပါတယ်…

commentinfo By: နရီထက် at Dec 29, 2010
Comment #3

အင်း……နရီထက်ပြောတာ…မှန်တာများနေပြီ..ခုခေတ်မှာတော့

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #4

အင်း..ဟုတ်တယ်..ခုခေတ်မှာတော့အဲဒါတေများတယ်…

commentinfo By: ရွှေငါး at Dec 29, 2010
Comment #5

အစမှ အဆုံးအကုန်လုံး အမှန်တရားတွေချည်းပဲ။

commentinfo By: pannei at Dec 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment