Professional Authors

ခေတ္တခဏ နိုင်ငံခြား – နရီထက်

အရိုးရင့်ကြက် ချက်မကောင်းပေမဲ့
အတက်တွေက ကြည့်ကောင်းတယ်လား
ဝါရင့် ဂုဏ်ပုဒ်နှင့် နေလာတာ သုံးလေးနှစ်ကြာ
ငါက နိုင်ငံခြားပျော် ဌက်ကြီးတစ်ကောင်ပေါ့
(ဒလကြီးလား၊ စွန်ရဲကြီးလား။)
မီးထုတ်တဲ့ နဂါးမဟုတ်တော့
လေထုတ်ကာ မန်းလိုက်သေးတယ်
ငါက အစွန်ပေါက်နေပြီးရဲ့
(ဂျိုးပေါက်တာတော့မဟုတ်လောက်ရဲ့)
အထာဆိုတာ ဆရာကြီးလောက်ပါလား
သမ္ပာနှင့် ဆိုပါလား
စတိုင်မ်ဆိုတာ ဗီလိန်အပြည့်စားနှင့်
လူဌားကြေးစားရှိသေးတယ်
(မိုးပျံမင်းသားတွေလား)
လုပ်စား ကိုင်စားတတ်ရင် မိတယ်လား
ဒူး တနန့်နန့်နှင့်
ဟောကိန်းထုတ်တဲ့ တရားဟောဆရာတဲ့လား
ရုပ်အတည်နှင့် လုပ်စားတာများတယ်
(ဂျိုကာလား၊ ရွှီးချောင်လား)
ခေါက်ချိုးဝှက်ဖဲတွေကြား
ထောင့်ကျိုးမျက်နှာတွေနှင့်
တစ်လောကလုံးကို ကြီးစိုးတော့မယ့်
( ဂျစ်ပစီတွေလား၊ မာဖီးယားတွေလား)။     ။

နရီထက်
( ၂၃ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )

( မှတ်ချက်… နိုင်ငံခြားပျော် မိုက်ရူးရဲဆန် အလိမ်အညာ အပေအတေ လူမင်းသားကြီးများသို့ )

In: ကဗျာ Posted By: Date: Nov 23, 2011
Comment #1

မိုက်တယ်

commentinfo By: အသဲကွဲမိုး at Nov 23, 2011
Comment #2

နှိင်ငံခြားရောက် နှစ်ဆွေးကြီးတွေ အကြောင်းပေါ့ ကောင်းတယ်

အရိုးရင့်ကြက် ချက်မကောင်းပေမဲ့
အတက်တွေက ကြည့်ကောင်းတယ်လား
ဝါရင့် ဂုဏ်ပုဒ်နှင့် နေလာတာ သုံးလေးနှစ်ကြာ
ငါက နိုင်ငံခြားပျော် ဌက်ကြီးတစ်ကောင်ပေါ့
(ဒလကြီးလား၊ စွန်ရဲကြီးလား။

လုပ်စား ကိုင်စားတတ်ရင် မိတယ်လား
ဒူး တနန့်နန့်နှင့်
ဟောကိန်းထုတ်တဲ့ တရားဟောဆရာတဲ့လား
ရုပ်အတည်နှင့် လုပ်စားတာများတယ်
(ဂျိုကာလား၊ ……….လား)အဲ့ အပှဒ်လေးတွေကြိုက်တယ်။အားပေးနေမယ်။

commentinfo By: thuya at Nov 23, 2011
Comment #3

ဟီး ဟီး သိပ်မကြာခင် ကျနော်တို့လဲဖြစ်တော့မယ်ထင်တယ်
ကဗျာလေးသိပ်ကောင်းပါတယ် အားပေးသွားတယ်နော်

commentinfo By: harris at Nov 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment