Professional Authors

နွံ့ပြာအနမ်း – နရီထက်

အောင့်ခါ နမ်းခဲ့တဲ့ အနမ်းချက်တွေလား
ထင်မရခဲ့ပါ မာယာနက်ကွင်းတွေ…
အပြုံးတွေက ချစ်တယ်လို့ ဆိုတတ်ခဲ့ကြသလား

အကြည့်တွေကြားမှာ ဟန်ဆောင်မှုတွေက
လျှိုးသပ်ထားတော့…
ငါက မျက်ဝန်းနက်နက်ပြာပြာပဲ မြင်ခဲ့ရတယ်
အညှို့တစ်ချက်မှာ သက်ဝင်ခဲ့တယ်
တကယ်ချစ်ခဲ့တယ်လို့ ထင်နေဆဲပါ…
သူ့မျက်ဝန်းနက်ထဲမှာ…

အချစ်တွေရှိခဲ့တယ်…
ငါက သူရဲ့ အချစ်ဆုံးတဲ့..
ငါ ပျော်ခဲ့တယ်…
အဟုတ်ကြီးကို ရူးခဲ့တယ်
သံယောဇဉ်ကို မူးခဲ့တယ်
နီးစပ်မှုကို လက်ကမ်းယူခဲ့တယ်
တကယ် ချစ်ခဲ့တယ်လို့ ထင်နေဆဲပါ…

သစ္စာမရှိဘူးလို့ အပြောခံရမှာစိုးလို့
ခွေးတစ်ကောင်လို့ နေခဲ့တယ်
မာနရှိတယ်လို့ ပြောတတ်ကြလို့
အဆွယ်ကျိုးတဲ့ မြွှေတစ်ကောင်လို့ နေတတ်ခဲ့တယ်
အသုံးမကျဘူးလို့ အတင်မခံချင်တဲ့ငါ
မင်းအတွက် အဆင်ပြေစေဖို့
သခင်စကား နားထောင်တတ်တဲ့
ကျေးသလိကာ တစ်ကောက်လို့ အမိန့်တွေနာခံတတ်ခဲ့တယ်…
တကယ့်ချစ်ခဲ့တယ်လို့ ထင်နေဆဲပါ…

အနမ်းတွေ လိုချင်လို့..
ရှေ့ဆက်နေတဲ့အခါ…
နွံ့ပြာနက်ထဲ ရောက်နေမှန်းတောင်
မသိခဲ့တာ ငါ အဖြစ်ပါ…
ငါ့အချစ်တွေ သက်သေပြချင်လို့
ရုန်းလေ လှုပ်လေ…
နစ်နစ် နေဆဲ…
နစ်နေဆဲလည်း ချစ်နေဆဲပါ…
လက်မကမ်းပေမဲ့ အားယူနေဆဲပါ…
မင်းအနား ရောက်ချင်လို့ပါ…
တကယ် ချစ်တယ်လို့ ထင်နေဆဲပါ…

နရီထက်
( ၂၄ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 24, 2010
Comment #1

ငါ့အချစ်တွေ သက်သေပြချင်လို့
ရုန်းလေ လှုပ်လေ…
နစ်နစ် နေဆဲ…
နစ်နေဆဲလည်း ချစ်နေဆဲပါ…
လက်မကမ်းပေမဲ့ အားယူနေဆဲပါ…
မင်းအနား ရောက်ချင်လို့ပါ…
တကယ် ချစ်တယ်လို့ ထင်နေဆဲပါ…

commentinfo By: rabbit at Dec 24, 2010
Comment #2

ငါ့အချစ်တွေ သက်သေပြချင်လို့
ရုန်းလေ လှုပ်လေ…
နစ်နစ် နေဆဲ…
နစ်နေဆဲလည်း ချစ်နေဆဲပါ…
လက်မကမ်းပေမဲ့ အားယူနေဆဲပါ…
မင်းအနား ရောက်ချင်လို့ပါ…
တကယ် ချစ်တယ်လို့ ထင်နေဆဲပါ… ကို rabbitေ၇. အကြိုက်တွေ တူနေပြီး
ကို န၇ီထက် အားပေးသွားတယ် ကြိုက်တယ် အကို

commentinfo By: genius.jinx28 at Dec 24, 2010
Comment #3

rabbit နှင့် genius.jinx28

တို့ကို

ကျေးဇူးတင်သည်။

ကိုနရီထက်

commentinfo By: နရီထက် at Dec 24, 2010
Comment #4

အကိုနရီရေ……
အရမ်းကောင်းတယ်ဗျာ…….
ပြောခွင့်ပြုပါနော်
🙂

commentinfo By: moehtetaung18 at Dec 24, 2010
Comment #5

ဟုတ်ကဲ့ပါ… မိုးထက်အောင်….

commentinfo By: နရီထက် at Dec 24, 2010
Comment #6

နင့်အချစ်ကိုလိုချင်လို့..
ရှေ့ဆက်နေတဲ့အခါ…
နွံ့ပြာနက်ထဲ ရောက်နေမှန်းတောင်
မသိခဲ့တာ ငါ အဖြစ်ပါ…
ငါ့အချစ်တွေ သက်သေပြချင်လို့
ရုန်းလေ လှုပ်လေ…
နစ်နစ် နေဆဲ…
နစ်နေဆဲလည်း ချစ်နေဆဲပါ…
လက်မကမ်းပေမဲ့ အားယူနေဆဲပါ…
မင်းအနား ရောက်ချင်လို့ပါ…
တကယ် ချစ်တယ်လို့ ထင်နေဆဲပါ…
တကယ်ကောင်းတယ်အကိုကြီးးးးးးးးးး
အားပေးတယ်ဗျာ

commentinfo By: myintmo at Apr 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment