ပွဲလန့်သူတွေ – နရီထက်
အလင်းကို စတွေ့တဲ့နေ့က
အပြုံးနှင့် ဆင်းသက်လာခဲ့တာလည်း ရှိတယ်
အငိုနှင့် ချဉ်နင်းဝင်ရောက်ကြတာလည်း ရှိမယ်
“အူဝဲ” ဆိုတဲ့ အသံနှင့် အပြစ်မဲ့တဲ့ အရေခွံကို
ခွာယူတပ်ဆောင်း မျက်နှာဖုံး လုပ်ဝတ်ခဲ့ကြတယ်
အမြင်တွေ ပီပြင်လာတဲ့ နေ့က
ဝိုးဝါးလောကကြီးကို ခပ်ထေ့ထေ့ပြုံးတတ်တယ်
ပုလဲမျက်ရည် ရွဲမျက်ရည်နှင့်လည်း စိန်ခေါ်လိုက်ပြန်သေးတယ်
ရေလိုက်ငါးလိုက် လူကျင့်ဝတ်တွေ သင်ယူပြီးခဲ့တဲ့နေ့က
မိုးခါးရေတွေ ၀င်သောက်ဖူးခဲ့တဲ့သူတွေထဲမှာ ငါ နေ နေခဲ့တယ်
အကျည်းတန်တဲ့ စိတ်ဆန္ဒအတွက်
ရယ်မောတတ်တဲ့ အကျင့်တစ်ခုနှင့် မှန်တစ်ချပ်က တရားလွန်လာတယ်ပဲ
ထင်ရမှာလား…
မြူဝတ်ရုံလောက်နဲ့ အလင်းက ကျဆုံးခန်း မ၀င်ဘူး
မိုးကြိုးပစ်ရုံလောက်နဲ့ ကောင်းကင်ကြီးက တစ္ဆေဖြစ်ခွင့် မရှိဘူး
ထမင်းစားရေသောက် လူကျင့်ဝတ်ထဲမှာ
ချီးမွမ်းခန်း ကဲရဲ့ခန်းတွေက တစ်ခါသုံး သစ်သျှူးတွေလား
အဆင်ပြေစေရမယ့်စကားလုံးတွေမှာ အဆင်ပြေစေမယ့် နည်းလမ်းတွေကို
အကုန်ထုတ်မသုံးလိုက်ပါနဲ့….
မိုးခါးရေ ငတ်နေတဲ့ သူတွေ ကျန်နေသေးတယ်…။ ။
နရီထက်
( ၂၆ ၊ နိုဝင်ဘာ ၊ ၂၀၁၁ )
Comment #4
မိုးခါးရေ ငတ်နေတဲ့ သူတွေ ကျန်နေသေးတယ်…။ ။
By: nate thit at Nov 27, 2011
Comment #5
မိုးခါးရေ ငတ်နေတဲ့ သူတွေ ကျန်နေသေးတယ်…။ ။
တစ်ကယ်ပီပြင်ပါတယ်ဗျာ။
တစ်ကယ်ကောင်းပါတယ်ဗျာ။
အထပ်ထပ်အားပေးသွားပါတယ်။
By: harris at Nov 27, 2011




Comment #1
အားပေးနေတယ် အကို…