Professional Authors

သုံးပွင့်ဆိုင်း ချစ်ဇာတ်လမ်း – နရီထက်

ပန်းကလေးရယ် နင့်အနားမှာလေး
ငါ သာယာမှုနှင့်ထွေးနွေးမှုရယ်
အေးမြမှုနှင့် လင်းရောင်ခြည်ရယ်
ပေးနေခဲ့တာ ငါ့အချစ်တွေနှင့်
မလုံလောက်သေးဘူးလား
ငါက လမင်းပါ . . . . . .

ပန်းကလေးရယ်
နင် ရှင်သန်ဖို့ လှပဖို့
လောကကို ဘောင်ဝင်ဖို့
ငါ့ရဲ့ ပြင်းရှတဲ့မာနတွေနှင့်
ကာကွယ်ပေးထားတယ်လေး
နင့်ဘ၀ လုံခြံမှုရှိဖို့လည်း
ငါ့အချစ်တွေနှင့် မလုံလောက်သေးဘူးလား
ငါက နေမင်းပါ. . . . .

တော်ပါပြီး ရှင်တို့မာနအလှတွေက
ကျွန်မရဲ့ချစ်တရားကို ဖုံးကွယ်မနိုင်ပါဘူး
ရှင်တို့ကလည်း အချစ်တွေ ဆက်ပေးနေမှာ
ကျွန်မတို့ ပန်းကလေးတွေကလည်း
တစ်ပွင့်ပြီး တစ်ပွင့် ဆက်ပြီး ဆက်ပြီး
ပွင့်လာကြရအုန်းမှာပဲလေး
ကျွန်မကတော့ ပန်းကလေးပါ။     ။

နရီထက်
( ၂၃ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment