Professional Authors

လွမ်းမိပါရဲ့ အဖေ ….!!

မဖြစ်နိုင်မှန်း သိလျှက်နဲ့ပဲ
သမီးငယ်လေး ခေါ်သံမျိုးလေး
ကြာချင်ပါသေးရဲ့  …….

နဖူးရည်တွန့် .. ပါးရည်တွေ တွန့်
ဇရာပုံရိပ် ထင်ပေါ်နေတဲ့  အမေပုံရိပ်
မြင်ရလေတိုင်း .. ရင်နာရတယ် အဖေ …

သွားနှင့်လေသူ
ဖေကြီးကိုယ်စား
မိခင် တမျိုး၊ ဖခင် တသွယ်
စောင့်ရှောက်ထိန်းသိမ်း
ပျိုးထောင်ပေးတဲ့
ပန်းကောင်းပျိုးလက် အမေ့လက်နဲ့
အခုချိန်ထိ ရှင်သန်ခွင့်လေး ရနေရတယ် အဖေရယ်…..

မတွေ့ရတော့မှန်း သိနေတာပဲ
ခဏလေးဖြစ်ဖြစ် လှမ်းလာခဲ့ပါ
အိပ်မက်ဆီသို့ ၁ စက္ကန့်လေးလောက်ပါ ….

နှစ်တွေကြာလို့ အချိန်တွေပြောင်း
အဖေချစ်တဲ့ .. သမီးလေး ၁ ယောက်
အသက်တွေ ကြီးရင့်လာလဲ
အဖေပုံရိပ် အရင်လိုပဲ တမ်းတမိနေဆဲ …..

ဘဝ ၁ ကွေ့ ခဲ မှန်ဖူးလို့
ကြောက်ရွံ့နေတဲ့ စာ သူငယ်ကိုမှ
ခြောက်လှန့်သူနဲ့ တွေ့ရလေတိုင်း
အဖေ့ အရိပ် တန်ဖိုးကြီးပုံ
သမီး ၁ ယောက် တမ်းတမိတယ် ..

အတ္တကိုစီး၊ ဆန္ဒကိုဆောင်းနေတဲ့
လူ သားတွေကြား
စိတ်ပျက်ခြင်းနှင့်အတူ အားငယ်မိလေတိုင်း
အဖေ့ခေါ်သံ *သမီးငယ်လေး*
ကြားချင်မိတယ် အဖေ …………………။

(၂၉-၆-၂ဝ၁၂) 12း02 PM

(အဖေ့ကို သတိရလို့ မျက်ရည်နဲ့ ရေးမိတာလေးပါ….)
http://teresalittleworld.blogspot.com

In: ကဗျာ Posted By: Date: Jun 29, 2012
Comment #1

;(
🙂
So nice

commentinfo By: ei lay at Jun 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment