Professional Authors

ဆုတောင်း

ပန်းမြတ်သဇင် ရိုးမခင်၍
ထက်ပင်ယံဆင့် မျိုးဂုဏ်မြင့်ကာ
လေ၀င့်နွဲ့ယိမ်း ငွေရည်လိမ်း၍
ညှာစိမ်းရင့်ကျက် ဆောင်းနှင်းစက်နှင့်
လက်ဆက်မွေ့ပျော် ဂုဏ်ထင်ပေါ်လျက်
ကျော်ဇောသတင်း ကြိုင်နံ့သင်းပါစေ။ ။

မကောင်းစိတ်ပို မနာလိုပန်း
လက်တွဲလှမ်းလို့ ယောင်ရမ်း(ယမ်း)လဲယိုင်
စိတ်မခိုင်ဘဲ ရွှေစိုင်ထင်မှတ်
စောင့်အပ်သစ္စာ မျိုးမဟာကို
မေ့ကာချိုးဖျက် သမိုင်းထက်တွင်
မျိုးပျက်ဂုဏ်နွမ်း ဖိုးမဲ့ပန်းဟု
ရယ်သွမ်းမဲ့လှောင် မပြောအောင်လည်း
ဂုဏ်ဆောင်စောင့်ထိန်းနိုင်ပါစေ။ ။

ကန္တာရထဲ နေပူကျဲတွင်
နှင်းရွှဲရည်တု ဖန်တီးမှုနှင့်
အန်တုရင်ဆိုင် ဖူးပွင့်လှိုင်သော်
ရခိုင်ရိုးမ မွေးဌာနသို့
မှန်းဆမြတ်နိုး မြင့်မြတ်မျိုးကို
ကောင်းကျိုးဝေမျှနိုင်ပါစေ။ ။

ပန်းမြတ်သဇင် ရိုးမခင်၍
ဘ၀င်ချမ်းမြေ့ လေပြေဝေ့စဉ်
ယိမ်းနွဲ့မွှေးကြိုင်
သျှင်ဒိုင်ယိမ်းကနိုင်ပါစေ။ ။
ရိုးမတောင်တန်း ပင်လယ်ကမ်းကို
အေးချမ်းလျှောက်လှမ်းနိုင်ပါစေ။ ။
(လင်းခိုင်)

In: ကဗျာ Posted By: Date: Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment