Professional Authors

သွေးရိုးသားရိုးမဟုတ်ဘူး

သွေးရိုးသားရိုးတော့ မဟုတ်ခဲ့ဘူး
တဖြည်းဖြည်းနဲ့ အရိုးရင့်ခဲ့တာက
အက်ကြောင်းထပ်အတိတ်တွေနဲ့
အထူအပါးမသိတဲ့ ပျော်ရွှင်ခြင်းတွေ
ပြောပြန်ရင်လည်း မထူးဘူး
ယုံကြည်မှုတွေ ၀ိုင်းရှာပေးကြပါ
နားလည်မှုတွေ ခဏပြန်ပေးကြပါ
သွေးရိုးသားရိုးတော့ မဟုတ်ပါ
ကျွန်တော်သိနေတာတွေက
ကွဲကြေနေတဲ့ အမှုန်အစတွေ
လိုက်ဖမ်းနေစရာမလိုတဲ့ စကားလုံးတွေ
ဘာမှမကျန်နိုင်တော့တဲ့ခေါင်းထဲ
အောက်ခြေကပ်သွားတဲ့ စိတ်တွေ
စိုးစိုးရွံ့ရွံ့နဲ့ ပြန်ကောက်
ဖျတ်ခနဲ လွတ်ကျ..
အသားကျလာခဲ့ပြီ ။  ခုတော့…

In: ကဗျာ Posted By: Date: Dec 17, 2010
Comment #1

ကောင်းတယ် ကိုမိုးလူ
ထပ်လွတ်ကျ၇င် ဒုက္ခ အကို ၇ာ…

commentinfo By: genius.jinx28 at Dec 17, 2010
Comment #2

ခုတော့ရော သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ကိုမိုးလူ…..
အမြဲအားပေးနေတယ်နော်

Comment #3

ယုံကြည်မှုတွေ ၀ိုင်းရှာပေးကြပါ
နားလည်မှုတွေ ခဏပြန်ပေးကြပါ
သွေးရိုးသားရိုးတော့ မဟုတ်ပါ
ကျွန်တော်သိနေတာတွေက
ကွဲကြေနေတဲ့ အမှုန်အစတွေ
လိုက်ဖမ်းနေစရာမလိုတဲ့ စကားလုံးတွေ

ကောင်းတယ်…ကိုမိုးလူ

commentinfo By: moehtetaung18 at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment