Professional Authors

ချက်တင်ကနဦး

“ဟိုင်းပါအကို ခင်လိုပါတယ်
ရမယ်မလား”

“ဟုတ်ကဲ့ပါဗျာ ခင်တတ်ပါတယ်
ခင်ပါတယ်နော် ကျွန်တော်ကလည်း”

“နာမည်မေးရင် ဖြေချင်ရဲ့လား
ပြောသွားစေချင်တစ်စိတ်လောက်”

“နှမအရင် ဖြေစေ့ချင်ဗျာ
ဘယ်သူပါလဲနှမက”

“အော်အကိုရယ် နှမငယ်က
ဘယ်သူဆိုတော့လူပေါ့နော်”

“ရှိစေရှိစေ မဖြေချင်လည်း
ထပ်လဲတစ်ခါ မေးတော့ပါဘူး”

“စုံစမ်းပါဆို အကိုကလည်း
နောက်ကျသိကာ သွားမှာပါနော်
ဒါနဲ့ဟိုလေ ဘယ်မှာနေလဲ
ဖြေပေးသွားခဲ့ပါဦးနော်”

“နှမအရင် ဖြေစေ့ချင်ဗျာ
ဘယ်တွင်နေလဲ နှမက”

“နှမနေရာ အွန်လိုင်းမှာပေါ့
လာကာလည်လို့ရတယ်နော်”

“ဟုတ်ပါပြီဗျာ နှမမှာလည်း
လျှိုကာထားရများလှသား”

“အင်းပါအင်းပါ နောက်တစ်ခါမှ
ပြောတာပေါ့နော် ခုများသော်တော့
မေခေါ်နေလို့အောက်တော့မယ်”

“အင်းပါအောက်အောက် နောက်တစ်ခေါက်မှ
တွေ့ကြတာပေါ့တာ့တာနော်”

ချိုဦးဝေ(ဆေးမန်း)
7.2.2013

In: ကဗျာ Posted By: Date: Feb 7, 2013
Comment #1

kwi.kwi
a ha.ha.
he.he.
cute & funny
make me smile

commentinfo By: ei lay at Feb 7, 2013
Comment #2

🙂

commentinfo By: cho oo wai at Feb 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment