Professional Authors

မှော်ဆရာသို့…..(သူများကဗျာပါ)

Online ပေါ်မှာလေ
နင်ရှိရင် ၀မ်းသာ 🙂
နင် busy ဖြစ်ရင်စိတ်တို >_<
နင် Idle ပြထားရင် ရင်မော 😐
နင်မရှိတဲ့ရက်တွေအောက်
Offline messages တွေတတောက်တောက်ခေါက်
အသက်ပျောက်မတတ်လွမ်းဖူးတဲ့ငါပါ…

………………

အိပ်မက်ဆိုတာမျှော်လင့်ချက်ပါလို့ပြောဖူးတဲ့
နင့်စကားကိုယုံမှတ်
ဦးနှောက်ရဲ့ အမိန့်ကိုငြင်း
နှလုံးသားကိုရင်းပြီး
သိပ်အ လွန်းတဲ့ငါ
နင့်အတွက်ဆိုအိပ်ရေးဘယ်လောက်ပျက်ပျက်
အိပ်မက်ထဲတောင် chat ချင်လိုက်တာလို့ ရူးခဲ့တာပါ…………….

ဝါသနာက cHaTtIng
ကျွမ်းကျင်တာက အသဲခွဲဖို့
ဒီလိုဂုဏ်ထူးတွေနဲ့
Scrollbar ဆွဲမကုန်တဲ့
နင့်ရဲ့ friendlist ထဲမှာ
င့ါ nick ကနောက်ဆုံးကရေတောင်
နံပါတ်ဘယ်လောက်လဲလို့မသိချင်တော့ပါဘူး……………

နင်ဆွဲခဲ့တဲ့ ကကြိုးတွေအောက်
နင်ပျော်ရင်လိုက်ပျော် 🙂
နင်ငိုရင်ကြေကွဲ :’(
နင်မဲ့ရင် ၀မ်းနည်းနေမိတဲ့ငါ 🙁
ဒါနဲ့များတောင် နင်က ၁၂ကြိုးမတတ်ဘူးနော်တဲ့………………..

တဖျောက်ဖျောက်နဲ့ နင်ရိုက်လိုက်တဲ့
အသံမပါတဲ့စကားလုံးတွေအောက် တလှပ်လှပ်ရင်ခုန်ရင်း
Computer ရှေ့မိုးလင်းခဲ့တဲ့နေ့တွေ
မျှော်လိုက်ရတဲ့SaT/ SuN dAy ညတွေ
ရင်ကွဲလို့ကျတဲ့မျက်ရည်တွေ (T_T)
ဟက်တက်ကွဲ အသည်းနှလုံးတွေ <3 <3 <3
ဒါတွေဟာ
ငါတစ်ယောက်ထဲတော့မဟုတ်ခဲ့ဘူးတဲ့………………………..

ဒီလိုနဲ့ပဲ
နင်ရဲ့ ပြုစားမှုအောက်မှာ အလူးလူးအလှိမ့်လှိမ့်နဲ့
အရူးလုပ်ခံခဲ့ရပြီးတဲ့နောက်
အသည်းခွဲမခံရသေးခင် ကိုယ့်နှလုံးသားကိုယ်
နေမှကောင်းသေးရဲ့လားလို့ အလန့်တကြားပြန်မေး
နှလုံးသားကတိုးတိုးလေးညည်းတယ်
အသည်းနှလုံးတွေကို နှိပ်စက်
အိပ်ပျက်ရက်တွေ များအောင်
ရက်စက်တတ်တဲ့ နင့်အတွက်
ပေါ့ပျက်မယ့်သူ ဖြစ်မယ့်အတူတူ
The End ဆိုတဲ့စာလေးရေး
ခပ်မြန်မြန်လေး ဇာတ်သိမ်းလိုက်ပါတော့တဲ့………………….

ပြီးခါကျမှ
ကျွမ်းနေတဲ့ရင်ဘတ်ထဲက
အလွမ်းပိနေတဲ့နှလုံးသားကလေ
သေအံ့မူးမူးရူးမတတ်ခံရတာတောင်မမှတ်သေး
နင့်အတွက် ဆုတောင်းပေးချင်လို့တဲ့
နင်တစ်ယောက်…
အိပ်မက်လှလှမက်ပါစေ တဲ့လေ

မေလ်းထဲကရတဲ့ကဗျာလေးတစ်ပုဒ်ပါ…..ဘယ်သူ့  ကဗျာလဲမသိပေမယ့်….ကြိုက်လို့ သိမ်းထားတဲ့အနေနဲ့  တင်ထားပါတယ်…..
ကဗျာပိုင်ရှင်ခွင့်ပြုမယ်ထင်ပါတယ်နော်….
In: ကဗျာ Posted By: Date: Aug 13, 2009
Comment #1

ကောင်းဘူး

commentinfo By: harry at Aug 14, 2009
Comment #2

တစ်နှစ်လောက် အရူးထခြင်း

commentinfo By: ညီခ at Sep 6, 2009
Comment #3

ဖတ်သွားတယ်ဗျာကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Aug 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment