Professional Authors

ဖေဖေရဲ့ ၂၇နှစ်မြောက်မွေးနေ့ မှတ်တမ်း

မေ……
ကြမ်းတမ်းတဲ့ နွေနေ့လည်အောက်
မုန်တိုင်း……..
နွေကို နွေမဆန်စွာ
မိုးတွေနဲ့ အုံ့မှိုင်း ၀ုန်းဒိုင်းကြဲနေစေတဲ့ကြမ်းတမ်းမှု အောက်………
မြ ထက်တောက်ပ
သွေးဆာပြနေတဲ့ ဓားတွေရဲ့အောက်………….
အားအပြည့် မာန်အတင်း
သူအားရှိသလောက် လင်းတောက်ပြနေတဲ့
မီးလုံးတွေအောက်……..
ချွဲကျိ ညစ်ထေး
သွေးအလိမ်းလိမ်းနဲ့ ငါ
အဲဒီနေ့က လူ့လောကနဲ့ မိတ်ဆက်တယ်……
လွန်ခဲ့တဲ့ ၂၆နှစ်က………

In: ကဗျာ Posted By: Date: May 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment