Professional Authors

နေနဲ့လ…..မင်းနဲ့ငါ

ခမ်း နား တဲ့ မင်း အ ကြည့် တွေ အောက် မှာ
အလည်လာခဲတဲ့  ငါ့အပြုံးတွေ  အနေကြာခဲ့ဖူးတယ်…

လှ ပ တဲ့ မင်း အ ပြုံး တွေ အောက် မှာ
မှေးမှိန်တဲ့  ငါ့အကြည့်တွေ  အရောင်လက်ခဲ့ဖူးတယ်…

ရိုး လွန်း တဲ့ မင်း အ မူ အ ရာ တွေ အောက် မှာ
ခက်ထန်တဲ့  ငါ့ဘဝင်တွေ  အနည်ထိုင်ခဲ့ဖူးတယ်…

နွေး ထွေး တဲ့ မင်း စ ကား လုံး တွေ အောက် မှာ
ခြစားနေတဲ့  ဦးနှောက်တစ်ခု  ဆေးသောက်ခဲ့ဖူးတယ်…

ချစ် စ ဖွယ် မင်း ပြက် လုံး တွေ အောက် မှာ
အစိုမြဲနေတဲ့  ငါ့မျက်ဝန်းတွေ  အချိန်ကြာကြာခြောက်ခဲ့ဖူးတယ်…

မင်းက နေ ဆို ငါက လလေးပေါ့…..
တူညီတဲ့  ကောင်းကင်ယံတစ်ခုတည်းမှာ
နေမင်း  လမင်း  သာနေတယ်
သို့သော်…အချိန်မတူ…အကွာအဝေးမတူဘူးလေ
မင်း နဲ့ ငါ  ဆိုတာ
အဲ့ဒီလို  ကောင်းကင်တစ်စင်းတည်းထွန်းလင်းနေတဲ့
နှိုင်း…ယှဉ်…မ…ရ…တဲ့…အ…ရာ…လေး…နှစ်…ခု…ပေါ့  ။

10th August , 2011.
4:20 AM

( ၁၃ ရက်နေ့က တင်လိုက်တဲ့ ကဗျာလေးပါ ပျောက်သွားလို့ ပြန်တင်ထားတာပါ ။)

In: ကဗျာ Posted By: Date: Aug 14, 2011
Comment #1

မင်း နဲ့ ငါ ဆိုတာ
အဲ့ဒီလို ကောင်းကင်တစ်စင်းတည်းထွန်းလင်းနေတဲ့
နှိုင်း…ယှဉ်…မ…ရ…တဲ့…အ…ရာ…လေး…နှစ်…ခု…ပေါ့ ။
နောက်ထပ် ပြန်အားပေးသွားပါတယ်

Comment #2

ကိုလုလင်ငယ်သွေး ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Aug 14, 2011
Comment #3

လူဆိုးလည်းထပ်အားပေးသွားတယ်အကို ..။

commentinfo By: chityellusoelay at Aug 14, 2011
Comment #4

ိကိုလူဆိုး ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ ။

commentinfo By: X - ray at Aug 14, 2011
Comment #5

…ခံစား…အား…ပေး..သွားပါတယ်…ဗျာ

commentinfo By: အသဲကွဲမိုး at Aug 15, 2011
Comment #6

ီခံစားအားပေးသွားတဲ့ ကဗျာဆရာမလေး အသဲကွဲမိုး ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Aug 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment